မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ရှမ်းမြောက်ဒေသခံများ ဖျက်စီးပစ်

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ရှမ်းမြောက်ဒေသခံများ ဖျက်စီးပစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ်နယ်ခြားစည်းကို တရုတ်ဘက်က နယ်ကျွံကာ ယူထားတာကြောင့် ဒေသခံများဟာ စက်တင်ဘာ ၁၂ ရက်နေ့က ကာထားတဲ့ စည်းရိုးတွေကို သွားရောက်ဖျက်စီးလိုက်ကြကြောင်း သိရပါတယ်။

“ဒီနေ့က ရွှေလီဟိုဘက်ကမ်းမှာ ရှိနေတဲ့ (ဝမ့်ဟတ်ဟင်) ဟက်ဟင်ရွာက ဒီနေ့ ဆန္ဒပြတယ်ပေါ့နော်။ တရုတ်ပြည်က မြန်မာပြည်ထဲမှာပေါ့နော် နယ်စပ်နားမှာ တိုင်လာစိုက်တာ။ တိုင်ဆိုတာ ခြံစည်းရိုးပေါ့နော် လာစိုက်ထားတာ။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြကြတာ။” လို့ နမ့်ခမ်းမြို့ ဟက်ဟင်ရွာမှာ တရုတ်နယ်ခြား စည်းရိုး နယ်ကျော်ကာယူနေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားများ စက်တင်ဘာ ၁၂ ရက်နေ့က လာကာထားတဲ့ စည်းရိုးကို ဖျက်ပစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယခုလို စည်းရိုးတိုင်တွေ လာစိုက်ထားတာ ရက်အနည်းငယ်ကြာပြီလို့ ရွှေလီဒေသခံတစ်ဦးက ဆိုပါတယ်။

“ဒီလိုမျိုး လာစိုက်တာ နည်းနည်းကြာနေပြီ။ ရက်တွေ နည်းနည်းကြာနေပြီပေါ့နော်။ ပြီးရင် ပြည်သူ၊ ပြည်သားတွေက ဟိုဘက်ကမ်း ရွှေလီဖက်က ပြည်သူပြည်သားတွေက မစိုက်ခိုင်းဘူးပေါ့နော်။ အဲဒီခြံစည်းရိုးကို မကာခိုင်းဘူးပေါ့နော်။” လို့ သူက ထပ်မံရှင်းပြပါတယ်။

နမ့်ခမ်းမြို့မှ ဒေသခံ အမျိုးသားတစ်ဦးကလည်း ‘မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟတ်ဟင်ရွာအပေါ်နား လေးက ရှမ်းရွာမှာ ခုက တရုတ်တွေက တစ်လံကျော်ကျော်၊ နှစ်လံလောက် ကာယူလိုက်တာလေနော်။ ကချင်ပြည်နယ်ဘက်လည်း အဲလိုပါပဲ။ တောင်တွေ ဘာတွေ အားရပါးရ ကာယူလိုက်တာ။” လို့ ပြောပါတယ်။

တရုတ်ဘက်က COVID-19 အကြောင်းပြကာ မြန်မာနိုင်ငံဘက်ခြမ်း နယ်နိမိတ်အများပြားကို တရုတ်နယ်အထဲဝင်အောင် နယ်ခြားစည်းရိုးကာမှုများ ယခုနှစ်အတွင်း ပိုများလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲ နယ်စပ်တစ်လျှောက်မှာလည်း တရုတ်ဘက်က မြန်မာနယ်ထဲအထိ ဝင်ရောက်ကာ ခြံစည်းရိုးကာမှုများရှိနေသည်ဟု ဒေသခံတွေက ပြောဆိုနေကြသည်ကို တွေ့ပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...