ပူတာအို စစ်ကောင်စီဝန်ထမ်များက အခွန်မျိုးစုံ ပြန်လည်ခြိမ်းခြောက် ကောက်ခံနေ

ပူတာအို စစ်ကောင်စီဝန်ထမ်များက အခွန်မျိုးစုံ ပြန်လည်ခြိမ်းခြောက် ကောက်ခံနေ

ပူတာအိုမြို့ အာဏာသိမ်းစစ်ကောင်စီလက်အောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများကို အခွန်ထည့်ဆောင်ကြရန်နှင့် ပျက်ကွက်ပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကောက်ခံနေသည်ဟု သိရသည်။

ပြီးခဲ့သော ဩဂုတ်လ လဆန်းပိုင်းမှစတင်ကာ ပူတာအိုမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံ အိမ်ခွန်၊ အမှိုက်ခွန်နှင့် လုပ်ငန်းလိုင်စင်ခွန်မျိုးစုံကို မဖြစ်မနေပေးဆောင်ကြရန် အိမ်တိုင်ရာအရောက် လိုက်လံ ကောက်ခံနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စည်ပင်အဖွဲ့က အိမ်အရောက် အခွန်ထည့်ရန် တောင်းဆိုတဲ့စာရွက်ကို လိုက်ပေးတယ်။ အဲ့စာရွက်မှာက သူတို့သတ်မှတ်ထားတဲ့ရက်မှာ အမြန်လာထည့်ဖို့။ လာမထည့်ရင် စည်ပင်ဥပဒေအရ အရေးယူမယ်လို့ ပါတယ်။ သူတို့ရဲ့ ပုံစံက အတင်းအဓ္ဓမ ထည့်ခိုင်းတဲ့ပုံစံဖြစ်နေတယ်။ အရင်တုန်းကတော့ အဲ့လိုတောင်းတာမရှိဘူး။ အခုနောက်ပိုင်းမှ ဖြစ်လာတာ” ဟု ပြောဆိုသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုများရှိနေသည့်အချိန် အတင်းအကြပ် အခွန်ကောက်နေခြင်းဖြစ်သောကြောင့် ပြည်သူ့တစ်ချို့မှာ စိတ်သောကရောက်ရနေကြောင်း သူကဆက်ဆိုထားသည်။

“အားလုံးသိတဲ့အတိုင်း အခုချိန်က လူတိုင်းခက်ခဲကြတယ်။ ဒါကိုအတင်းထည့်ခိုင်းတယ်။ တစ်ချို့ပြည်သူတွေဆိုရင် ဝင်ငွေမရှိ ခက်ခဲလို့ ၂ ထောင် ၃ ထောင်တောင် မတတ်နိုင်တဲ့သူတွေရှိတယ်။ ဒါကို ဖိတင်းပြီး ထည့်ကြတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ဒေသဆိုရင် တခြားဒေသတွေနဲ့ယှဉ်ရင် ဝင်ငွေကမရှိဘူးလေ။ ဒီအပေါ်မှာ အခွန်ဆောင်ဖို့ဆိုတာက ပြည်သူတွေက စိတ်မသက်သာမှုတွေဖြစ်နေကြတယ်” ဟု ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကို မလိုလားသော ပူတာအိုဒေသခံများသည်လည်း ၇ လကြာမြင့်သည်အထိ အခွန်မဆောင်ဘဲရှိနေကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ မြို့ပေါ် တနိုင်တပိုင် လုပ်ငန်းရှင်များအထိ အတင်းအကြပ် ငွေကြေးကောက်ခံလာနေသည်ဟု သိရသည်။

ပူတာအိုဒေသသည် ကချင်ပြည်နယ်မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သောကြောင့် စီးပွားရေးအတွက် ခက်ခဲသောနယ်မြေတစ်ခု ဖြစ်နေဆဲဖြစ်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...