တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရက်ပြည့်သော်လည်း မလွတ်မြောက်သေး

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရက်ပြည့်သော်လည်း မလွတ်မြောက်သေး

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာအကျဉ်းသားများ ချုပ်ရက်ပြည့်သော်လည်း ကိုဗစ်ကာလ ထောင်လွဲပြောင်းနိုင်ခြင်းမရှိသဖြင့် ရပ်တိုးထောင်ချခံနေရကြောင်း သိရသည်။

"နှစ်ပြည့်နေပေမယ့် မလွှတ်ပေးဘူး။ ဘာအပြစ်မှ ထပ်မလုပ်၊ မကျူးလွန်ပဲနဲ့ ရက်တွေထပ်တိုးပြီး မြန်မာပြည် ပြန်မလွှဲပေးတဲ့ အကျဥ်းသားတွေ မန်ရှီထောင်မှာရှိတယ်" ဟု မန်ရှီထောင်မှ အသိတစ်ယောက် ထောင်ထဲကနေ ဖုန်းဆက်လာကြောင်း ရင်ကျန်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

အဆိုပါထောင်တွင်းမိတ်ဆွေဖြင့် ၅ မိနစ်ခန့်သာ ဖုန်းပြောခွင့်ရသောကြောင့် လက်ရှိ မန်ရှီအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသားလူဦးရေမည်မျှရှိသည်ကို မသိရကြောင်း သူက ဆိုသည်။

အပြစ် ထပ်မံကျူးလွန်မှုမရှိပဲ ထောင်သက်တမ်းတိုးခံနေရတာကြောင့် ရက်ပြည့်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြန်လွှတ်ပေးဖို့ အကူအညီတောင်းဆိုလိုကြောင်း သူက ဆက်ပြောသည်။

"အဓိကတော့ ရက်ပြည့်သူတွေ ပြန်လွှတ်စေချင်ကြတာ။ အပြစ်ထပ်မကျူးလွန်ပဲ အကြောင်းမဲ့ ထောင်သက်တမ်းတိုးတာ အဓိကပေါ့။" ဟု သူက ပြောသည်။

ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့က "ဟုတ် ဒီရွှေလီထောင်လွှဲတွေက မလွှဲပေးသေးဘူး။ ဒီနည်းနည်းလေး ကိုဗစ် နည်းနည်းငြိမ်ရင် လွှဲပေးမယ်။ ရက်တိုးပြီး ထောင်မှာပဲ ထားထားရတယ်။" လို့ ပြောသည်။

တရုတ်ဘက်က ထောင်လွှဲပေးမည်ဆိုပါက အမြဲလက်ခံကြောင်း မူဆယ် တရုတ်ထောင်လွှဲတာဝန်ခံ ဦးမန်းမျိုးမြင့်ကလည်း ပြောပါသည်။

ယခုနှစ် ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ အမ်းဟွေးပြည်နယ်၊ စန်းတုံးပြည်နယ်၊ ကျိလင်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကျန်းစူးပြည်နယ် စသည့်နေရာများရှိ အကျဉ်းထောင်မှ မြန်မာပြည်သား အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၆၃ ဦး၊ စုစုပေါင်း ၁၁၈ ဦးကို နောက်ဆုံးလွှဲပြောင်းပေးခဲ့ပြီးနောက် COVID-19 ရောဂါ ကြောင်းပြချက်နဲ့ တရုတ်ဘက်က အကျဉ်းသားလွှဲပြောင်းမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...