ဖမ်းဆီးခံထားရသည့် KNC ပါတီဥက္ကဌအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်ပို့

ဖမ်းဆီးခံထားရသည့် KNC ပါတီဥက္ကဌအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်ပို့

ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကောန်လအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

"ဖမ်းဆီးခံရတာ (၂) ပတ်ရှိပြီဆိုတော့ ဒီနေ့ (သောကြာ) ရုံးထုတ်စစ်ဆေးမယ်လို့ကြားတယ်။ ဒါပေမယ့် ရုံးထုတ်စစ်ဆေးတာတွေမရှိဘဲနဲ့ တစ်ခါတည်း နေပြည်တော်အကျဉ်းထောင်ကို ပို့လိုက်ပြီလို့ သိရတယ်" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ကချင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လသည် ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ခြင်းခံနေရခြင်းဖြစ်သည်။

ထိုသို့ ၂ ပတ်ကြာ ရဲစခန်းတွင် ချုပ်နှောင်ထားပြီးနောက် ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

"ကျနော်တို့သိရတာတော့ ထောင်မှာ ရမန် (၂) ပတ်ယူပြီးမှဘဲ ရုံးထုတ်မယ်လို့သိရတယ် တစ်ခြား ဘာမှမသိရသေးဘူး" ဟု နီးစပ်သူက ပြောသည်။

KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသော ပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ်ပြန်နေသောအဖွဲ့ဖြစ်သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...