တနိုင်း တရုန်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်ခတ်

တနိုင်း တရုန်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်ခတ်

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာတွင် ယနေ့ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားရာ ပြည်သူတစ်ဦးလည်း စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်ခံရခြင်းခံရကာ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် တရုန်ကျေးရွာ တံငါကုန်းရပ်ကွက်မှ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ဂျာရိန်၏ ဦးခေါင်ပေါ်တွင် ကျည်ထိမှန်သွားကြောင်း သူက ဆက်ဆိုသည်။

“သူတို့က တိုက်ပွဲဖြစ်လာလို့ ထွက်ပြေးတယ်။ သူတို့ရဲ့ကိုယ်ပိုင်ကားနဲ့ မိသားစုလိုက် ထွက်ပြေးတယ်လို့ပြောတယ်။ အဲ့ဒါကို စစ်သားတွေက ရပ်ခိုင်းတာ မရပ်လို့ သေနတ်နဲ့ပစ်လိုက်တာတဲ့။ ကားကိုထိပြီး ကားထဲက အမျိုးသမီးရဲ့ ဦးခေါင်းမှန်သွားတယ်တဲ့။ သေတော့မသေဘူး။ သွေးတအားထွက်တယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွှဲ ၂ နာရီခန့်ဝန်းကျင်မှ လက်ရှိအချိန်ထိ နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဆက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက ရွာအတွင်းမှာတင်ဖြစ်နေတယ်။ စစ်တပ်ဘက်က တရုန်ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်နေတယ်။ ရွာအတွင်းမှာ လက်နက်သံတွေဘဲ။ ၁၀ မိနစ်လောက်ခြားတစ်ပြီး တစ်ခါ ပစ်ပစ်နေကြတယ်။ ရွာထဲမှာ လူတွေလည်းမရှိတော့ အားလုံးထွက်ပြေးကုန်ကြပြီ။” ဟု ပြောဆိုသည်။

ယနေ့ညနေ ၆ နာရီခွဲဝန်းကျင်ခန့်အချိန်တွင် ဒိုင်ဖာကျေးရွာမှ စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် တရုန်ကျေးရွာသို့ ရောက်လာခဲ့ပြီး တပ်စွဲနေရာယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုန်ကျေးရွာဒေသခံပြည်သူများ ၂၀၀ ဝန်းကျင်ခန့်မှာ တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေးနေပြီဟု သိရသည်။

ယနေ့ညနေပိုင်း တရုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲလာသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့ စက်တင်ဘာလ ၈ ရက်နေ့ တနိုင်းမြို့ဘက်က တရုန်ဘက်သို့တက်လာသော စစ်ကြောင်းဖြစ်သည်။

တရုန်တွင် ယခင်က စစ်ကောင်စီတပ်တစ်ခုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် မြို့ပြဆန္ဒပြပွဲများကို ထိန်းချုပ်ရန်ဟုဆိုကာ တနိုင်းဘက်သို့ သွားရောက်ပူးပေါင်းသွားသည်ဟု ဒေသခံတစ်ချို့ထံမှ သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...