အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ

အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ

ဖားကန့်မြို့ပေါ် တွင် စစ်တပ်ရဟတ်ယာဥ် ၂ စီး ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၂ ကြိမ်တိတိ လာရောက်ပျံဝဲနေကြောင်း သိရသည်။

မွန်းလွဲပိုင်း ၂ နာရီခန့်အချိန်တွင် ပထမအကြိမ် ပျံဝဲခဲ့ပြီးနောက် ညနေ ၅ နာရီအချိန်တွင်လည်း ရဟတ်ယာဥ် ၂ စီးဖြင့် ထပ်မံပျံဝဲနေသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"အခုချိန်ထိ လေယာဥ် ၂ စီး ပျံဝဲနေတုန်းဖြစ်တယ်။ ပထမတစ်ခေါက်က ဖားကန့် ဗျူဟာကုန်းမှာ ပြန်ဆင်းသွားတယ်။ အခုတစ်ခါ ဒုတိယအခေါက် ပြန်တက်လာတယ်" ဟု ပြောဆိုသည်။

ဖားကန့်မြို့အတွင်း ရဟတ်ယာဥ်များ ပျံဝဲနေသည့်အတွက် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများမှာ စိုးရိမ်သဖြင့် အပြင်မထွက်ဘဲ နေအိမ်တွင်သာ ရှိနေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ၃ ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

ထိုသို့ စစ်တပ်က အင်တာနက်လိုင်း ပိတ်လိုက်သောကြောင့် စစ်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများမှာ ကုန်ပစ္စည်း ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်ခြင်းမရှိသေးကြောင်း ဒေသခံများ ပြောသည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...