အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ

အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ

ဖားကန့်မြို့ပေါ် တွင် စစ်တပ်ရဟတ်ယာဥ် ၂ စီး ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၂ ကြိမ်တိတိ လာရောက်ပျံဝဲနေကြောင်း သိရသည်။

မွန်းလွဲပိုင်း ၂ နာရီခန့်အချိန်တွင် ပထမအကြိမ် ပျံဝဲခဲ့ပြီးနောက် ညနေ ၅ နာရီအချိန်တွင်လည်း ရဟတ်ယာဥ် ၂ စီးဖြင့် ထပ်မံပျံဝဲနေသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"အခုချိန်ထိ လေယာဥ် ၂ စီး ပျံဝဲနေတုန်းဖြစ်တယ်။ ပထမတစ်ခေါက်က ဖားကန့် ဗျူဟာကုန်းမှာ ပြန်ဆင်းသွားတယ်။ အခုတစ်ခါ ဒုတိယအခေါက် ပြန်တက်လာတယ်" ဟု ပြောဆိုသည်။

ဖားကန့်မြို့အတွင်း ရဟတ်ယာဥ်များ ပျံဝဲနေသည့်အတွက် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများမှာ စိုးရိမ်သဖြင့် အပြင်မထွက်ဘဲ နေအိမ်တွင်သာ ရှိနေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ၃ ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

ထိုသို့ စစ်တပ်က အင်တာနက်လိုင်း ပိတ်လိုက်သောကြောင့် စစ်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများမှာ ကုန်ပစ္စည်း ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်ခြင်းမရှိသေးကြောင်း ဒေသခံများ ပြောသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...