မောင်တောမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ထပ်မံအသတ်ခံရ

မောင်တောမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ထပ်မံအသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေရွာမှ ရာအိမ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးကို အကြမ်းဖက်သမားများက ရဲဒင်းဖြင့် ခုတ်သတ်ပစ်ခဲ့သည်ဟု သတင်း ရရှိသည်။

သေဆုံးသူမှာ နုရ်ရာမိန် (၃၂) နှစ် (ဘ)ဟာကိမ်းမာလီ/ ဘင်္ဂလီလူမျိုး ဖြစ်ကြောင်း နယ်ခြားစောင့် ရဲတာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ဖြစ်ပွားပုံမှာ အမည်မသိ မိုးကာအင်္ကျီများ ကိုယ်စီဝတ်ဆင်ထားသည့် အင်္ဂလီ လူမျိုး ၁၅ ဦးခန့်သည် ဇွန်လ ၄ ရက်နေ့ မနက် ၃ နာရီ ၁၀ မိနစ်ခန့် တွင် နုရ်ရာမိန်အိမ်ထဲသို့ ၀င်ရောက်လာပြီး နုရ်ရာမိန်အား ရဲဒင်းဖြင့် လည်ဂုတ်ကို ခုတ်ပြီး နေအိမ်အပြင်သို့ ဆွဲယူသွားခဲ့သည်ဟု သိရသည်။

၎င်းဖြစ်စဉ်အသံအား ခြံဝင်းတစ်ခုတည်းနေသူ အစ်ကိုဖြစ်သူ ရှော်မလုတ် (၅၂) နှစ် (ဘ) ဟာကိမ်းမာလီ မှ ၎င်း အိမ်ထဲမှထွက်၍ ဟန့်တားမေးမြန်းရာ အမည်မသိ ဘင်္ဂလီများမှ ရှော်မလုတ်အား ဓါးနှင့် လှမ်းခုတ် သဖြင့် လက်ဖြင့် ကာကွယ်ရာ ရှော်မလုတ်၏ ညာဘက်လက် တံတောင်ဆစ်တွင် ဓါးဒဏ်ရာရရှိ ခဲ့ပြီး အမည်မသိဘင်္ဂလီများသည် ရာအိမ်မှူး နုရ်ရာမိန်အား ရွာပြင်သို့ ဆွဲခေါ်ယူသွားကြသည်ဟု ရဲတာဝန်ရှိသူက ပြောသည်။

၎င်းဖြစ်စဉ်အား ကျေးရွာအုပ်ချုပ်မှူးမှ နံနက် ၅ နာရီ အချိန်မှ သိရှိရသဖြင့် မကျီးချောင်း နယ်ခြားစောင့် စခန်းနှင့် အလယ်သံကျော် နယ်ခြားစောင့် သို့ ချက်ချင်းအကြောင်းကြားပြီး မနက် ရ နာရီအချိန် တွင် နယ်မြေမှူး နှင့် တပ်ဖွဲ့ဝင်များရောရှိလာကာ ဖြစ်စဉ်အား စိစစ်ခဲ့သည်။

ရာအိမ်မှူး နုရ်ရာမိန်အား ရွာထဲတွင် ရှာဖွေသော်လည်း မတွေ့ရှိသဖြင့် ရွာပြင်ကို ဆက်လက်ရှာဖွေရာ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် သရေကုန်ဘောင် ကျေးရွာတောင်ဖက် ကန်းပိုင် တွင် အလောင်းတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဒဏ်ရာရှိသူ နုရ်ရာမိန်၏ အစ်ကို ဖြစ်သူ ရှော်မလုတ်အား ဆေးကုသနိုင်ရေး အတွက်ဆောင်ရွက် နေကြောင်းသိရှိရသည်။

ယခုအခါ အကြမ်းဖက် ဘင်္ဂလီအဖွဲ့တစ်ဖွဲ့သည် အစိုးရအာဏာပိုင်များနှင့် နီးစပ်သည့် ဘင်္ဂလီလူမျိုး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လိုက်သတ်နေရာ ယခုအခါ လူပေါင်း ၄၀ နီးပါးခန့်ရှိသွားပြီဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...