စစ်ကောင်စီအင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့နံနက် ထွက်ခွာ

စစ်ကောင်စီအင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့နံနက် ထွက်ခွာ

ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်ခန့်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လုံခြုံရေးနယ်မြေ တပ်ရင်း ၁၉ ဘက်သို့ ဦးတည်ကာ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

KIO ဌာနချုပ်လိုင်ဇာမြို့ကို ထိုးစစ်ဆင်ရန်အတွက် အင်အားဖြည့်နေခြင်း ဖြစ်နိုင်ကြောင်း ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“ဒီမနက်အစောကြီးကတည်းက ဟုတ်တယ်။ စစ်ရိက္ခာတွေနဲ့ ခြေကျင်ထွက်သွားကြတယ်။ အင်အားက ၂၀၀ လောက်ရှိတယ်။ KIA တပ်ရင်း ၁၉ ဘက်ကိုသွားတာက သေချာတယ်။ ပြီးရင် တိုက်ပွဲတွေပြန်ဖြစ်ဖို့ စစ်အင်အား တိုးချဲ့လာနိုင်လာတာလည်း ဖြစ်နိုင်တယ်။ သေချာတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

လိုင်ဇာမြို့အနီးသို့  ဦးတည်ကာ ထွက်ခွာသွားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးဆုံးတပ်ရင်း ၁၉ သို့ စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများ ပုံမှန်ဖြည့်တင်းနေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့အပတ်ကလည်း စစ်ကြောင်းတစ်ခုတက်သွားတယ်။ လမ်းမကြီးအတိုင်း တက်လာတာမဟုတ်ဘဲ တောကိုဝင်သွားတယ်။” ဟု ပြောသည်။

လက်ရှိ KIO ဌာနချုပ် လိုင်ဇာအနီး တောင်ကုန်းများတွင် စစ်ကောင်စီက တပ်စွဲထားပြီး ဒေါ့ဖုန်းယန်မှာ ခယာဘွမ်အထိ စစ်အင်အား ထောင်ဂဏန်းရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ယမန်ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီက ဒေါ့ဖုန်းယန်စစ်တပ်ကုန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ့ဖုန်းယန်ဒေသခံများ ပြောဆိုချက်မှ သိရသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...