စစ်ကောင်စီအင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့နံနက် ထွက်ခွာ

စစ်ကောင်စီအင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့နံနက် ထွက်ခွာ

ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်ခန့်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လုံခြုံရေးနယ်မြေ တပ်ရင်း ၁၉ ဘက်သို့ ဦးတည်ကာ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

KIO ဌာနချုပ်လိုင်ဇာမြို့ကို ထိုးစစ်ဆင်ရန်အတွက် အင်အားဖြည့်နေခြင်း ဖြစ်နိုင်ကြောင်း ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“ဒီမနက်အစောကြီးကတည်းက ဟုတ်တယ်။ စစ်ရိက္ခာတွေနဲ့ ခြေကျင်ထွက်သွားကြတယ်။ အင်အားက ၂၀၀ လောက်ရှိတယ်။ KIA တပ်ရင်း ၁၉ ဘက်ကိုသွားတာက သေချာတယ်။ ပြီးရင် တိုက်ပွဲတွေပြန်ဖြစ်ဖို့ စစ်အင်အား တိုးချဲ့လာနိုင်လာတာလည်း ဖြစ်နိုင်တယ်။ သေချာတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

လိုင်ဇာမြို့အနီးသို့  ဦးတည်ကာ ထွက်ခွာသွားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးဆုံးတပ်ရင်း ၁၉ သို့ စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများ ပုံမှန်ဖြည့်တင်းနေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့အပတ်ကလည်း စစ်ကြောင်းတစ်ခုတက်သွားတယ်။ လမ်းမကြီးအတိုင်း တက်လာတာမဟုတ်ဘဲ တောကိုဝင်သွားတယ်။” ဟု ပြောသည်။

လက်ရှိ KIO ဌာနချုပ် လိုင်ဇာအနီး တောင်ကုန်းများတွင် စစ်ကောင်စီက တပ်စွဲထားပြီး ဒေါ့ဖုန်းယန်မှာ ခယာဘွမ်အထိ စစ်အင်အား ထောင်ဂဏန်းရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ယမန်ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီက ဒေါ့ဖုန်းယန်စစ်တပ်ကုန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ့ဖုန်းယန်ဒေသခံများ ပြောဆိုချက်မှ သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...