စစ်တွေမြို့အခြေစိုက် ABCD ဖွဲ့မှ လေဘေးဒုက္ခသည် မိသားစု ရ၃ စု တစ်ပတ်စာရိက္ခာများ ထောက်ပံ့

စစ်တွေမြို့အခြေစိုက် ABCD ဖွဲ့မှ လေဘေးဒုက္ခသည် မိသားစု ရ၃ စု တစ်ပတ်စာရိက္ခာများ ထောက်ပံ့
by -
နိရဥ္စရာ
စစ်တွေမြို့အခြေစိုက် လူထုအခြေပြု လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် (ABCD) မှ မိုရာမုန်တိုင်းကြောင့် အခက်အခဲ ဖြစ်နေသည့် မိသားစု ရ၃ စု ၊ လူပေါင်း ၃၅၀ ကျော်အား ဆန်နှင့်တစ်ခြား ရိက္ခာပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သတင်းရရှိသည်။

ABCD အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက် အမှတ် (၁၄) မှ (၁၇) အကွက်အတွင်းမှ မုန်းတိုင်းဒဏ် ခံခဲရသူများအား မိသားစု တစ်စုလျှင် ဆန်တစ်ပြည်၊ ဆပ်ပြာမွှေး တစ်ခဲ၊ ကလေးမိုးကာအကျီတစ်ထည်၊ ကလေးဝတ်တီချပ် အကျီင်္ တစ်ထည် ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းအပါအဝင် ရွှေဝါဆပ်ပြာနှင့် ဆပ်ပြာအမွှေးခဲများ၊ သွားတိုက်ဆေးတို့အား သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ABCD အဖွဲ့မှ ယခုထောက်ပံ့သည့်ပစ္စည်းကို သံတွဲ ငပလီ ကမ်းခြေရှိ ဗုဒ္ဓဓမ္မ ပရဟိရတ (ဗဓပ) ဖောင်ဒေရှင်းအသင်းမှ လှူဒါန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

njr0201

“ အခုလို ကူညီ လှူဒါန်းရတာက မိုရာဆိုင်ကလုန်းမုန်းတိုင်း တိုက်ခတ် သွားတဲ့အတွက် ဒီဘက်မှာ မုန်းတိုင်းရဲ့ ဒဏ်ကို ခံစားနေရတဲ့ မိသားစုတွေကို လောလောဆယ် စားဝတ်နေရေး အဆင်ပြေစေဖို့ ကျွန်တော်တို့က ရိက္ခာတွေ ထောက်ပံ့ကူညီ ပေးတာ ဖြစ်ပါတယ်။ အိုးအိမ်တွေ ပျက်စီးသွားရတဲ့ အတွက် လောလောဆယ် ယာယီ တိမ်းရှောင် နေရတဲ့ အတွက် အခက်အခဲ ဖြစ်နေတာကြောင့် နှစ်ရက်သုံးရက်စာ အကာအကွယ်ဖြစ်အောင် ကူညီပေးတာပါ” ဟု ABCD ဦးဆောင်သူ ဦးစံသိန်းက နိရဥ္စရာသို့ ပြောသည်။

ABCD အဖွဲ့သည် ရေကောင်းရေသန့်ရရှိရေးနှင့် ကလေးသူငယ်များ ဖွ့ံဖြိုးတိုးတက်ရေးကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် ဂီရိ မုန်တိုင်း ကျရောက်ခဲ့ပြီးနောက် အခက်အခဲကျရောက်နေသူများကို ကူညီရန် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...