မိုးရာမုန်တိုင်းဒဏ်ခံခဲ့ရသော မြို့နယ်များသို့ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းစစ်ဆေးမည်

မိုးရာမုန်တိုင်းဒဏ်ခံခဲ့ရသော မြို့နယ်များသို့ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းစစ်ဆေးမည်
by -
နိရဥ္စရာ
မုန်တိုင်းဒဏ်ခံခဲ့ရ၍ အိုးအိမ်မဲ့ ဖြစ်သွားသည့် ရခိုင်ပြည်သူများ/ ဓာတ်ပုံ- နိရဥ္စရာ
မုန်တိုင်းဒဏ်ခံခဲ့ရ၍ အိုးအိမ်မဲ့ ဖြစ်သွားသည့် ရခိုင်ပြည်သူများ/ ဓာတ်ပုံ- နိရဥ္စရာ
မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် အပျက်အစီးများခဲ့ရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များသို့ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြို့နယ် အလိုက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက နိရဥ္စရာ သတင်းဌာနသို့ပြောကြားသည်။

အပျက်အစီးများခဲ့ရသည့် မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များဖြစ်ကြသည်။

၎င်းအပျက်အစီးများသည့် မြို့နယ်များသို့ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုယ်တိုင် သွားရောက် စစ်ဆေးမည်ဟု သူက ပြောဆိုသည်။

" လူမှုရေးနဲ့ ကယ်ဆယ်ရေး ပြည်ထောင်စု ဝန်ကြီးတစ်ဦး ရောက်ရှိလာပြီးတော့ ပြည်နယ် ဝန်ကြီးတွေနဲ့အတူ စစ်တွေမြို့ပေါ်က ပျက်စီးဆုံရှုံးမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးတွေအနေနဲ့လည်း မြို့နယ်အလိုက် တာဝန်ခွဲဝေ သတ်မှတ်ပြီးတော့ အပျက်စီးတွေကို ဒီနေ့မှာပဲ ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်"ဟု ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောသည်။

ပျက်စီဆုံးမှုနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက စာရင်းကောက်ယူနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို မည်သို့မည်ပုံဆောင်ရွက်မည်ကို ဝန်ကြီးများ အစည်းအဝေး ပြုလုပ် သွားမည်ဟု ပြောကြားသည်။

အပျက်အစီး အလွန်များပြားခဲ့သော မြို့နယ် တစ်ခု ဖြစ်သည့် ရသေ့တောင်မြို့နယ်သို့ ယနေ့ ဇွန်လ ၁ ရက်နေ့ထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခြင်း မရှိသေးကြောင်း ပြောကြားသည်။

စစ်တွေမြို့ မြို့မိမြို့ဖဟောင်း ဦးသန်းထွန်းက "မိုရာမုန်းတိုင်းကြောင့် မျက်မြင်အနေနဲ့ မြို့ပေါ်မှာ အခေါင်မိုး လန်ထွက်သွားတာတွေရှိပါတယ်။ မြို့ဆင်ခြေဖုံးရပ်ကွက်နဲ့ ကျေးရွာတွေမှာ အိမ်လုံးကျွတ် ပြိုပျက် သွားတာတွေ ရှိခဲ့ပါတယ်။ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကူညီ ထောက်ပံ့ ပေးနိုင်ရင် တော့ ကောင်းတာပေါ့"ဟု နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

အကူအညီပေးရာ၌ ထိရောက်မှုရှိပြီး ဖိတ်စင်မှုမရှိအောင် ရပ်ရွာများ၌ အုပ်ချုပ်ရေးမှူး စာရင်းတင်သည်ထက် အခြား ရပ်မိရပ်ဖများပါ သက်သေပါပြီး ပျက်စီးသည့်ပမာဏကို တင်ပြပါက ပို၍သင့်တော်မည်ဟု ဆိုသည်။

"အစိုးရအနေနဲ့ အကူအညီပေးတာကို ဝမ်းသာပါတယ်။ ဒါပေမယ့် အကူအညီပေးတဲ့နေရာမှာ အမှန်တကယ် အကူအညီလိုအပ်သူတွေလက်ထဲကို ရောက်ရှိဖို့က အရေးကြီးတဲ့အတွက် အကူအညီပေးတဲ့နေရာမှာ အစိုးရအနေနဲ့ အုပ်ချုပ်ရေးမှူးတွေကို စိစိစစ်စစ် ဆောင်ရွက်သင့် ပြီးတော့ စောင့်ကြည့်ရေး အဖွဲ့ထားပေးပါက ပိုကောင်းပါမယ်"ဟု ဦးသန်းထွန်းကပြောသည်။

အစိုးရအနေဖြင့် မြို့နယ်အလိုက် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လူမှုအဖွဲ့အစည်းများကို ကျေးရွာအလိုက် အပိုင်းအခြားသတ်မှတ် တာဝန်ပေးပြီး လုပ်ဆောင်ပါက ကယ်ဆယ်ရေး လုပ်များ ထိရောက် မြန်ဆန် မည်ဟု ၄င်းကပြောသည်။

ဆိုင်ကလုန် မုန်တိုင်း မိုရာသည် မေလ ၂၉ ရက်နေ့ည ၁၀ ရက်နေ့မှ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီထိ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မြို့နယ် အများအပြားတွင် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ အိမ်များ ပျက်စီးခဲ့ရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...