ပြင်းထန်တိုက်ပွဲငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်

ပြင်းထန်တိုက်ပွဲငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် အလော့ဘွမ်တောင်ခြေတိုက်ပွဲများကြောင့် မိုးမောက်မြို့ပေါ်သို့ ၄ လကြာ ထွက်ပြေးခဲ့ရသော ကျေးရွာ ၅ ခုမှ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ပြီဟု သိရသည်။

ပြီးခဲ့သော ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟက်နှင့် နွမ်းလန့် စသော ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်နှင့် မိုးမောက်မြို့သို့  ထွက်ပြေးခဲ့ရသော စစ်ရှောင်များဖြစ်သည်။

“ကျနော်တို့မပြန်ဘဲ ဆက်နေမယ်ဆိုရင် ကျနော်တို့ စားသောက်မှုတွေ အရမ်းအခက်အခဲဖြစ်လာတယ်။ ကျနော်တို့အနေနဲ့ ပြန်လည်လုပ်ကိုင်စားသောက်ချင်လာတယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့နဂိုကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေသာ လုပ်ကိုင်စားတတ်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကြောင့်လဲ လူစုလူဝေးများတဲ့ နေရာမှာ ဆက်မနေချင်ကြတော့ဘူး။ ပြီးရင်တိုက်ပွဲတွေလည်း ပြန်ငြိမ်လာပြီဆိုတော့ တစ်ချို့က လက်မခံချင်ကြတော့ဘူး။ ကျနော်တို့က တစ်ခြားစစ်ရှောင်စခန်းဆိုပြီး ဆောက်ထားတဲ့နေရာမှာ နေရတာမဟုတ်ဘူးလေ။ အဲ့လိုနေရာအခက်အခဲတွေလည်း ရှိလာတယ်။ လုံးဝပြန်ရမယ့် သဘောရှိသွားလို့ပါ” နေရပ်ပြန်စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

ကိုဗစ်ကာလ လူထူထပ်သော စစ်ရှောင်စခန်းတွင် နေထိုင်ရန်အဆင်မပြေမှုနှင့် အသက်မွေးဝမ်းကြောင်းအတွက် စဉ်းစားပြီး ဇူလိုင်လဆန်းပိုင်းမှ ဩဂုတ်လကုန်အထိ နေရပ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ နေရပ်ပြန်လည်လာသည့် ကျေးရွာ ၅ ခုမှာ မြို့သစ်၊ ကုန်းလော၊ မင်းကျောင်း၊ စီဟက်နှင့် နွမ်းလန့်ကျေးရွာတို့ဖြစ်ကြပြီး အိမ်ထောင်စုအားဖြင့် ၁၇၅၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၅ ခုအနက် နွမ်းလန့်စစ်ရှောင်များမှာ ပြီးခဲ့သော ဇူလိုင်လ ၆ ရက်နေ့မှစတင်ပြီး အိမ်ထောင်စု ၅၀ ခန့် ပထမဆုံး နေရပ်ပြန်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်မူ အိမ်ထောင်စု ၁၀၀၀ ခန့် နေရပ်ပြန်ရောက်နေပြီဟု သိရသည်။

မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC စစ်ရှောင်စခန်းတွင်မူ စစ်ရှောင်အားလုံး နေရပ်ပြန်ခြင်းမဟုတ်ဘဲ အသက်ကြီးရွယ်အိုများမှာ စခန်းတွင် ကျန်ရှိနေသေးကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ကျနော့်တာဝန်ယူနေတဲ့ စခန်းမှာက အပြီးအပိုင်နေရပ်ပြန်တာမရှိပါဘူး။ ကိုဗစ်ကာလမှာ အပြင်မထွက်ရတော့ စားဝတ်နေရေး အလွန်ခက်ခဲလို့ ခဏခွင့်တောင်းပြီး ပြန်သွားတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်အရမ်းဆိုးလာလို့ စခန်းကို Lock Down ချထားတာလည်းကြာပြီ။ အဲ့လိုဆို တဖက်ကိုပြည်ကြည့်တော့ စားဝတ်နေရေးအလွန်ခက်ခဲလာတယ်။ ပြီးရင် စစ်ရှောင်တွေလည်း အရင်တုန်းကလို အပြင်ထွက်အလုပ်လည်းမလုပ်ရတော့ဘူးဆိုတော့ ပိုခက်ခဲသွားတာပေါ့။ နောက်ပြီး အရင်တုန်းက ပုံမှန်ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်းခဏပြတ်နေတာ” ဟု မိုးမောက် KBC စစ်ရှောင်စန်းတာဝန်ခံက ပြောဆိုသည်။

မြို့သစ်၊ ကုန်းလော၊ ဆီဟက်၊ နွမ်းလန့် ပြည်သူများမှာ စစ်ရှောင်ကာလ ၄ လအတွင်း မိုးမောက်မြို့ပေါ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၊ တိမ်တော်ကြီးဘုရားကျောင်းဝင်း၊ တံခွန်တိုင်ဘုန်းတော်ကြီနှင့် မန်နောင်ကျေးရွာ စသောနေရာများတွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။

ယခုလို စစ်ရှောင်များ နေရပ်ပြန်လာပြီဖြစ်သော်လည်း စစ်ကောင်စီက ၎င်းတို့လက်လွတ်လိုက်သော အလော့ဘွမ်ဗျူဟာကုန်းကို ပြန်လည်ရရှိရန် ထိုနေရာဘက်သို့ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...