မုံးကိုး ဖောင်းဆိုင်တွင် စစ်ကောင်စီက MNDAA တပ်စခန်းကို သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား

မုံးကိုး ဖောင်းဆိုင်တွင် စစ်ကောင်စီက MNDAA တပ်စခန်းကို သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုးကန့် MNDAA တပ်စခန်းကို စစ်ကောင်စီက သွားရောက် ပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"စစ်ကောင်စီက ကိုးကန့်တပ်တွေရှိတဲ့ ဆုတောင်းတောင်ကိုသွားပစ်တာ။" ဟု ဖောင်းဆိုင်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

"ဩဂုတ်လ ၃၀ ရက်နေ့တော့ ဘန်ဆွတ်ဘက်၊ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့တော့ ကျွန်တော်တို့ ဖောင်းဆိုင်နားမှာ တစ်နာရီလောက်ကြာ တိုက်ပွဲ ဖြစ်တယ်။" ဟု သူကဆက်ရှင်းပြသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဖောင်းဆိုင် လရှပ်ရွာဘက်ထိ တပ်ဆုတ်သွားပြီးနောက် ညနေပိုင်း ထိုနေရာတွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၈ ဦးထက်မနည်းရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း ကိုးကန့်ဘက်က ပြောသည်။

“စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၉ နာရီတွင် MNDAA တပ်မှ ၎င်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ် (၈) ဦးကို ချေမှုန်းနိုင်ခဲ့ပြီး MNDAA ဘက်မှ (၃) ဦးသာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိကာ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။” ဟု ယနေ့ ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ထိုနေရာတွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီက စစ်အင်အားဖြင့် ရှိနေသောကြောင့် တိုက်ပွဲဆက်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

"ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကိုယ့်ရွာမှာ ကိုယ်ပဲ နေနေကြတယ်။ ခု ဒီမနက် တိုက်ပွဲဖြစ်တုန်းကလည်း ဘယ်မှ မထွက်ပြေးတတ်‌တော့လို့ ဒီလိုပဲ နေနေကြတယ်။ ကိုးကန့်ဘက်က စစ်ကောင်စီတပ်ကို သွားပစ်တာတော့မဟုတ်ဘူး။ ကျွန်တော်တို့ရွာမှာပဲ ရှိနေတာ။" ဖောင်းဆိုင်ဒေသခံတစ်ဦးက ရှင်းပြသည်။

သြဂုတ်လ ၂၈ ရက်‌နေ့ကနေ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက် အနည်းဆုံး ၈၀ ကျော်သေဆုံးပြီး ကိုးကန့်ဘက် ၂ ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

ထိုတပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲကြောင့် မုံးကိုး နမ်ဟာ ကျေးရွာရှိ အရပ်သားပြည်သူ ၄ ဦးမှာ လက်နက်ကြီးထိမှန်ကာ သေဆုံးကြောင်း သိရသည်။

Bum Shep

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...