မုံးကိုး နမ့်ဟာကျေးရွာမှာ လက်နက်ကြီးကျည်ကျမှန်ပြီး မိသားစုဝင် ၄ ဦး‌ သေဆုံး

မုံးကိုး နမ့်ဟာကျေးရွာမှာ လက်နက်ကြီးကျည်ကျမှန်ပြီး မိသားစုဝင် ၄ ဦး‌ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် နမ့်ဟာကျေးရွာတွင် ယနေ့နံနက်ပိုင်းက နေအိမ်တစ်အိမ်အပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီမနက် စစ်ကောင်စီကပစ်ထည့်လိုက်တဲ့ လက်နက်ကြီး ဒီ နမ့်ဟာရွာက အိမ်တစ်အိမ်မှာ တစ်အိမ်လုံးထိသွားလို့ မိသားစုအားလုံး သေဆုံးသွားပြီ။ ပလောင်လူမျိုးပါ။ နမ်ဟာရွာက ပလောင်ရွာလေ။ အိမ်ထောင်စု ၂၀၀ နီးပါးရှိတယ်။ အတိအကျ မမှတ်မိတော့ဘူး မန်ဂျပ်တောင်ကုန်းကနေလည်း ပစ်၊ ဖောင်းဆိုင်ကနေလည်း ပစ်၊ ကိုးကန့် ဘက်ကနေလည်း ပစ်” လို့ မျက်မြင် မုံးကိုးမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်အစောပိုင်းက နာရီဝန်း မန်ဂျပ်နှင့် ဖောင်းဆိုင်ကြားရှိ နမ်ဟာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် ဒေသခံအများအပြား ထွက်ပြေးခဲ့သော်လည်း မိသားစုဝင် ၄ ဦးကို လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမိသားစုဝင် ၄ ဦး၏ အသေးစိတ်အချက်အလက်များကို မသိရသေးပါ။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းတွင် KIA ၊ MNDAA ပူးပေါင်းတပ်တို့ကြား မုံးကိုးမှ ၅ မိုင်ခန့်ဝေးသော ကောင်းလုံနဲ့ မန်ဆာကြား မန်ခွမ်ရွာတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူအများအပြား ရှိခဲ့ကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီနဲံ ကိုးကန့် MNDAA တို့ကြား မုံးကိုး ဖောင်းဆိုင်ဘက် ‌လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေဆဲဖြစ်တယ်လို့ မုံးကိုးဒေသခံများက ပြောသည်။

လက်ရှိမှာတော့ နမ်ဟာဒေသခံ အိမ်ခြေ ၂၀၀ နီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်‌နေရဆဲဖြစ်သည်။

ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ ဘက်က ဒေသခံ ၁၉၀ ကျော်သည် လက်ရှိချိန်ထိ တရုတ်-မြန်မာနယ်စပ်ဘက်တွင် ထွက်ပြေးနေရပြီး စစ်ကောင်စီက ၎င်းတို့ကို ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ထားသည်။

Bum Shep

Photo Crd# ဒေသခံ

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...