နမ္မတူမြို့ ရွှေမြင်သာကျောင်းရောက် စစ်ရှောင် ၁၀၀ ကျော် နေရပ်ပြန် - ၅၀၀ ကျော်ကျန်သေး

နမ္မတူမြို့ ရွှေမြင်သာကျောင်းရောက် စစ်ရှောင် ၁၀၀ ကျော် နေရပ်ပြန် - ၅၀၀ ကျော်ကျန်သေး
by -
သျှမ်းသံတောဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းတိုက် မှာရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင််လူထု ၁၀၀ ကျော် မေ လ ၃၀ ရက်နေ့တွင် နေရပ်ပြန်သွားပြီဖြစ်ကြောင်းသိရသည်။

ဒီဒေသခံတွေဟာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြားဖြစ် ပွါးတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့မေလဆန်း ကတည်းက နမ္မတူမြို့ရွှေမြင်သာကျောင်း တိုက်ကိုရောက်ရှိခိုလှုံနေတဲ့ နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေး ရွာအုပ်စုဝင်ရွာခံတွေဟာ နေရပ်နဲ့ခွဲခွါရတာ တလနီးပါးရှိခဲ့သည်။

“ရွာသားတွေ မိမိနေရပ်ကိုပြန်ချင်ပြီလေ။ ဒီရွှေမြင်သာကျောင်းကို စစရောက်တုန်းကတော့ ဆိုင်းခေါင် အုပ်စုထဲက ရွာသူရွာသား ၃၀၀ လောက်ရှိမယ်။ အခြေအနေငြိမ်သက် သွားလို့နဲနဲ ချင်းစီပြန် သွားကြ တာနောက်ဆုံး ဒီ ၁၄၇ ဦးဘဲကျန်ပါတယ်။ ဒီနောက်ဆုံးအဖွဲ့ကလည်း သူတို့နေရပ်ပြန်နေ နိုင်ဖို့ ဒီမတိုင်ခင်တုန်းကရွာကိုပြန်ပြီးသွားကြည့်ပါတယ်။”- လို့ နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်မှုပေးနေတဲ့ ကော်မတီဝင် စိုင်းဘဉာဏ်ကပြောသည်။

အဆိုပါရွာသားတွေက အစိုးရတပ်မတော်နှင့် တအာင်း တပ်ဖွဲ့တို့အကြားဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် မေလ ၁၁ ရက်နေ့တုန်းက နမ္မတူမြို့ရွှေမြင်သာကျောင်းတိုက်ကိုရောက်ရှိလာကြတာပါ။

တဖက်ကလည်း မန်တုံ ကျောက်မဲဘက်က စစ်ဘေးရှောင် တွေကလည်း နမ္မတူမြို့ကို ယမန်နှစ်က တည်းကစစ်ဘေးရှောင်ရောက်ရှိခိုလှုံနေကြတာ ၅၀၀ ကျော်ရှိနေသေးတယ်လို့လည်း စိုင်းဘဉာဏ်က ပြောပါတယ်။

“ကျန်တာကတော့ မန်တုံမြို့နယ်ထဲကလူတွေ။ အဲတာတွေ က ၁၂၆ အိမ်ထောင်ကျန်သေး တယ်။ ကျားက ၂၅၃ ယိင်း ၂၈၁ စုစုပေါင်း ၅၃၄ ကျန်သေးတယ်။ သူတို့တော့မပြန် နိုင်သေးဘူး ခုထိ။” - လို့ဆိုသည်။

မြန်မာအစိုးရ တပ်မတော် နဲ့ မြောက်ပိုင်းမဟာ မိတ်တပ်တို့အကြားတိုက်ပွဲ၊ သျှမ်းပြည်တပ်မတော် RCSS နဲ့ တအာင်း ပလောင် TNLA တပ်တို့ကြားတိုက်ပွဲကြောင့် နမ္မတူမြို့နယ်အပြင် ကျောက်မဲ နဲ့တခြားမြို့နယ် တွေဖြစ်တဲ့ မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် တို့တွေမှာလဲ စစ်ဘေးရှောင်ဒုက္ခသည်များ ရှိနေပါသေးကြောင့်သိရသည်။

April 4, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု...
April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...