တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားရုံမှ နိုင်ငံခြားသား ၅၀ ဦးခန့် ဖမ်းဆီးရမိ

တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားရုံမှ နိုင်ငံခြားသား ၅၀ ဦးခန့် ဖမ်းဆီးရမိ

စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု ဝင်ရောက်စီးနင်းခံရပြီး နိုင်ငံခြားသား ၅၀ ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၂ ရက် နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ (Regina)ဟိုတယ်ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၅၀ ဦးဝန်းကျင်ကို ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲ့ဟိုတယ်က အရင်တုန်းကတော့ နာမည်ကြီးတယ်။ ဖမ်းမိတာ ၅၀ ဦးစလုံးက ထိုင်းနိုင်ငံသားတွေတဲ့၊ မိန်းကလေးလည်း ပါတယ်။ အရင်ကတည်းက ကာစီနိုရှိပြီသား၊ သူတို့တောင်းတဲ့ ပမာဏအတိုင်း မပေးနိုင်လို့ ဝင်ဖမ်းတယ်လို့ပဲ မြင်တယ်။ ဝင်ဖမ်းတော့ ထိုင်းဘတ်တွေ သိန်းနဲ့ချီပါ ရသွားတာ”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထိုဝင်ရောက်ဖမ်းဆီးမှုတွင် ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများအပြင် ထိုင်းဘတ်ငွေ သိန်း ၆၀ ထပ်မနည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သျှမ်းပြည်အတွင်း လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်းလုပ်ငန်းရှိသည့် နေရာများ၊ လောင်းကစား ကာစီနိုရှိသည့် နေရာများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မကြာခဏ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ ပပျောက်သွားခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်တွင်လည်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “ အပြည်ပြည်ဆိုင်ရာ ဟိုတယ်”တွင် နေထိုင်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သော နိုင်ငံခြားသား (၃၉၃) ဦးကို စစ်ကော်မရှင်ဘက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...