ကလေး - ကဘော် - ဂန့်ဂေါက အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြဖို့ CDF-KKG ထုတ်ပြန်

ကလေး - ကဘော် - ဂန့်ဂေါက အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြဖို့ CDF-KKG ထုတ်ပြန်

ကလေး - ကဘော် - ဂန့်ဂေါဒေသအတွင်းက အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းပါဝင်ကြဖို့ Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)က မတ်လ ၂၉ ရက်နေ့မှာ တိုက်တွန်း နှိုးဆော်ကြောင်း ထုတ်ပြန်ထားပါတယ်။

နွေဦးပြည်သူ့တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်းတွင် CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီဖြစ်ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်ပြီး တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြ ကုန်သော အာဇာနည် အပေါင်းကို အစဉ်အောက့်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CDF-KKG အဖွဲ့အနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားပြီး တော်လှန်ရေးအင်အားစု အချင်းအချင်းအကြား သဘောထား ကွဲလွဲမှုနှင့် သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်းနှင့် ဘုံရန်သူ တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။

CDF-KKG အဖွဲ့သည် နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် မည်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို လက်တွဲ ဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း ဘုံရည်မှန်းချက်တူ မည်သည့် အင်အားစုများနှင့်မဆို ချိတ်ဆက်လက်တွဲရန် အမြဲအဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) ရဲ့ ဒုတိယ အကြိမ် အထွေထွေညီလာခံကိုလည်း CDF-KKG ထိန်းချုပ်နယ်မြေ တနေရာတွင် ၂၀၂၆ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပခဲ့ပြီး CDF-KKG ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ ဒုတိယအကြိမ် ညီလာခံသက်တမ်းအတွင်း တာဝန်ထမ်းဆောင်မည့် ဗဟို ကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ရွေးချယ် တင်မြှောက်ခြင်း နှင့် မဟာဗျူဟာမြောက် မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်း စသည်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ယခုကာလဟာ စစ်အုပ်စုသည် အတုယောင်ရွေးကောက်ပွဲ မှတဆင့် အမည်ခံအစိုးရတရပ် ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်တွင်း မျက်နှာစာတွင် တရားဝင်မှု ရရှိနိုင်ရေးအတွက် မသမာမှုနည်းလမ်းပေါင်းစုံဖြင့် အပတ်တကုတ် ကြိုးပမ်းလျက်ရှိပြီး အကြမ်းဖက်စစ်အုပ်စု၏ လုပ်ဆောင်မှု မှန်သမျှသည် တရားဝင်မှု မရှိသည့်အပြင် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကြောင်းနှင့် တရားမဝင် စစ်အုပ်စု၏ အာဏာတည်မြဲရေးနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...