စစ်ကောင်စီက ရိက္ခာလမ်းကြောင်းပိတ်ထားသဖြင့် မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ

စစ်ကောင်စီက ရိက္ခာလမ်းကြောင်းပိတ်ထားသဖြင့် မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ
Bum Shep Photo Crd# ‌ဒေသခံ
Bum Shep Photo Crd# ‌ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နိုင်ငံ နယ်စပ် စစ်ရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် စစ်ရှောင်တွေဆီ အကူအညီမရောက်နိုင်ပဲ ခက်ခဲနေတယ်လို့ မုံးကိုးဒေသခံတစ်ဦးက ပြောပါတယ်။

"ပစ္စည်းတင်လာရင် ပေးမသွားဘူး။ ပစ္စည်းတင်တာတောင် ရိုးရိုး ဆိုင်ကယ်စီးပြီး အိတ်ခွံပဲ ညှပ်လာရင်တောင် ပြန်လှည့်ခိုင်းတယ်။ အဲလိုမျိုး ပြဿနာရှိတယ်။ အခက်အခဲက အမျိုးမျိုးပဲ။ စစ်ရှောင် ဆိုတော့။ ရိက္ခာက ကောင်းကွေ အနီးစခန်း ဆိုတဲ့ နေရာမှာလည်း ပိတ်ထားတယ်။ မူဆယ်ဘက်ကတော့ ရောက်နိုင်တယ်။" လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေအတွက် ဆန်အလှူခံထားတာရှိပေမယ့် ကူညီထောက်ပံ့မယ့်ပစ္စည်းတွေကို မုံးကိုးဘက်က လုံးဝပို့လို့မရလို့ မြို့ထဲမှာပဲ သောင်တင်နေတယ်လို့ ဆိုပါတယ်။

"ပိုက်ဆံပဲ ပေးလို့ရတယ်။ ပိုက်ဆံလှူရင်ကျတော့ သူတို့ တရုတ်ဘက်က သွားဝယ်ရတယ်။ သူတို့ ပိုက်ဆံအလှူရရင် စစ်ရှောင်ကော်မတီအနေနဲ့ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေဆီ အကူအညီတောင်းပြီး အစားအသောက်မှာယူရတယ်။ ဒါကြောင့် စားနိုင်တာ။" လို့ စစ်ရှောင်တွေကို ကူညီခဲ့တဲ့ မုံးကိုးမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

အကူအညီပေးတဲ့ အသင်းအဖွဲ့တွေဆီ တောင်းခံထားပေမယ့် လက်ရှိထိ မရကြောင်း "အဖွဲ့အစည်းအနေနဲ့ လှူဒါန်းတာမရှိဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုလှူတာ။ ယဉ်ကျေးမှုအဖွဲ့နဲ့ တခြားသူတွေဆီက ရသလောက် အလှူခံပြီး ကူညီတာ" လို့ သူက ရှင်းပြပါတယ်။

"စစ်ရှောင်စခန်း သွားတဲ့အချိန်မှာ ဖုန်းယူသွားခွင့်မပေးဘူး။ ရွာခံတွေဆီက ဖုန်းငှားပြီး ရိုက်ပြီး ပြန်ယူရတာ။" လို့ မှတ်တမ်းယူနိုင်ဖို့လည်း ခက်ခဲကြောင်း သူက ပြောပါတယ်။

စစ်ရှောင်တွေရဲ့ ကျေးရွာတွေမှာ အခုချိန်ထိ စစ်တပ်က တပ်စွဲထားတာဖြစ်ပြီး အများစုက ရွာထဲကို မပြန်ရဲကြသေးဘူးလို့ ဖောင်းဆိုင်ရွာခံတစ်ဦးက ဆိုပါတယ်။

"စစ်ရှောင်တွေက အိမ်ပြန်လို့မရဘူး။ စစ်ကောင်စီက ရွာကလူတွေကို မပြန်ခိုင်းဘူး ရွာကို။ ရွာက လူတွေပြန်ရင် ကျွန်တော်တို့ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို ရွာမှာ ထားထားတယ်ဆိုတဲ့ စွပ်စွဲလို့ အိမ်ကို ပြန်နေလို့မရဘူး။ စစ်ကောင်စီက ရွာပြန်ရင် ပစ်မယ်လို့ သတင်းထုတ်ထားတယ်။ ကျွန်တော်တို့ မုံးကိုး ဖောင်းဆိုင် ဘက်က အရမ်းခက်ခဲတယ်။ အစားအသောက်ရော၊ ဆေးဝါးတွေရော၊ ပြီးကျတော့ မိုးကြီးရွာရင် မိုးကာတွေလည်း လိုတယ်။ အရမ်းဖျားတာတော့မရှိဘူး။ စားနပ်ရိက္ခာပဲ ခက်ခဲနေတယ်။" လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ့ရွာတို့မှ ပြည်သူ ၂၀၀ ခန့် ရွာတွေထဲ နေလို့မရတော့တဲ့အတွက် တရုတ်နယ်စပ်အနီးရှိ တောတောင်တွေဘက် ထွက်ပေးတိမ်းရှောင်ပြီး ဖြစ်သလို တဲထိုးနေထိုင်ကြရကာ မိုးကြီးရင် နေစရာတဲ‌တွေက မိုးမလုံပဲ ပိုခက်ခဲပြီး ဒုက္ခရောက်နေတာကြောင့် လူသားချင်း စာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား ကြူကုတ် (ပန်ဆိုင်း) နီးနားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံ ၁၄၀၄ ဦး မြန်မာ-တရုတ်နယ်စပ် လယ်ကွင်းမှာ ယာယီတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...