ပူတာအိုတွင် ရေကြီးမှုကြောင့် တံတား ၂ စင်းပျက်စီးသွား

ပူတာအိုတွင် ရေကြီးမှုကြောင့် တံတား ၂ စင်းပျက်စီးသွား

ပူတာအိုတွင် ၁ ပတ်ခန့်အကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးသဖြင့် တံတား ၂ စင်း ပျက်စီးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၂၅ ရက်နေ့မှစပြီး မလိခမြစ် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ယခင်နှစ်ထက် ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်ခဲ့သည်။

 

ထိုသို့ ရေကြီးရေလျှံဖြစ်သောကြောင့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်ရှိ တံတား ၂ စင်း ပျက်စီးသွားကြောင်း ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

 

"အခုပျက်သွားတဲ့ တံတား ၂ ခုက ကျနော်တို့ ဒေသခံတွေအတွက်အရေးပါတဲ့ တံတားတွေဖြစ်တယ်။ ဟိုဘက်ရွာနဲ့ ဒီဘက် ပုံမှန်မဖြစ်မနေ သွားလာနေရတာပေါ့။ တခြားလမ်းမရှိဘူး။ ဒီလမ်းတစ်ခုထဲနဲ့သွားနေရတဲ့ လမ်းဖြစ်တယ်" ဟု ပြောဆိုသည်။



 

ပျက်စီးသွားသည့် တံတား ၂ စင်းမှာ ပူတာအိုမြို့နယ် ဝင်းလုံ (Win Lung) နှင့် ကောက်နော် (Kawk Naw) ကျေးရွာ ၂ ခုကြား ဆက်သွယ်ထားသည့် နမ်ရှဲ (Nam She Mahkrai) ကြိုးတံတားနှင့် မချမ်းဘော့မြို့နယ် မန်းနူ(Man Nu Mare)နှင့် နမ်ဘူယန် (Nam Bu Yang) ကျေးရွာ ၂ ခုကို ဆက်သွယ်ထားသည့် နမ်ကံခ (Nam Kan Hka) ကြိုးတံတားတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုတံတား ၂ စင်းပျက်စီးနေသောကြောင့် ဒေသခံပြည်သူများ သွားလာရေးတွင် အလွန်ခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...