ပူတာအိုမြို့နယ် အာဏာသိမ်းတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများပြား

ပူတာအိုမြို့နယ် အာဏာသိမ်းတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများပြား

ပူတာအိုမြို့နယ် လုန်ရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ကြား ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု ၁၅ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခလရ ၁၃၈ နှင့် ခလရ ၄၆ စစ်ကြောင်းကို KIA တပ်ရင်း ၇ အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တာက တန်ဂျာကျေးရွာအလွန်မှာ ဟုတ်တယ်။ KIA က ကြားဖြတ်တိုက်ခိုက်တာ ဟုတ်တယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သူတွေနဲ့ သေဆုံးတဲ့သူတွေ အားလုံး သယ်သွားကြတာ ၁၅ ယောက်လောက်ရှိတယ်လို့  သိရတယ်” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ၂ ဖက်တပ်လက်နက်ကြီးများဖြင့် အပြန်အလှန် နာရီဝက်အကြာ ပစ်ခတ်ခဲ့ကြောင်းနှင့် KIA ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော တန်ဂျာကျေးရွာအနီးတဝိုက်မှ ဒေသခံတစ်ချို့သည် လုန်ရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက ယခုလို ပြောဆိုခဲ့သည်။

“ကျမတို့ရွာကနေတောင် လက်နက်သံတွေအများကြီးကြားရတယ်။ ရွာမှာ လက်နက်ကြီးကျတာတော့ မရှိသေးဘူး။ ၁၅ မိနစ်လောက်ကြားရတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ တန်ဂျာကျေးရွာက ရွာသားတစ်ချို့က ကြောက်ပြီး  ဒီဘက်ကို ထွက်ပြေးလာခဲ့တယ်လို့သိရတယ်” ဟု ပြောဆိုသည်။

လုန်ရှာယန်ကျေးရွာ အုပ်စုအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်နေသည့်အတွက် KIA က မကြာခဏ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေပြီး လွန်ခဲ့သောဧပြီလမှ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုမှာ ၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...