KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဌ Dr. M Kawn La ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒေါက်တာကောန်လနှင့်အတူ စီးလာသောကားကိုပါ ဖမ်းဆီးသွားကြောင်း KNC ပါတီ၏ ပြောဆိုခွင့်တာဝန်ရှိသူက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့ညနေ ဖမ်းဆီးခံရတာဖြစ်တယ်။ သူ့ရုံးခန်းက အပြန်ထင်တယ်။ ကားပါ ခေါ်သွားတယ်လို့ သိရတယ်။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း သေချာမသိရသေးဘူး။ သူနဲ့လည်း အဆက်အသွယ်မရတော့ ဖမ်းဆီးခံရတာဘဲသိတယ်” ဟု ပြောဆိုသည်။

ဒေါက်တာကောန်လ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အကြောင်းစုံ အသေးစိတ်ကို မသိရသေးကြောင်း သူကပြောသည်။

KNC ပါတီသည် စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကို မတက်ရောက်ဘဲ ငြင်းဆန်ထားသောပါတီဖြစ်သည်။

အလားတူ Kachin People’s Political Front–KPPF ကို ဖွဲ့စည်းမှုတွင်လည်း ပါဝင်နေပြီး အဆိုပါအဖွဲ့မှာ ကချင်စတိတ်ဆိုင်ရာ မူဝါဒများကို ထုတ်ပြန်နေသူသောအဖွဲ့ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...