KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဌ Dr. M Kawn La ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒေါက်တာကောန်လနှင့်အတူ စီးလာသောကားကိုပါ ဖမ်းဆီးသွားကြောင်း KNC ပါတီ၏ ပြောဆိုခွင့်တာဝန်ရှိသူက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့ညနေ ဖမ်းဆီးခံရတာဖြစ်တယ်။ သူ့ရုံးခန်းက အပြန်ထင်တယ်။ ကားပါ ခေါ်သွားတယ်လို့ သိရတယ်။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း သေချာမသိရသေးဘူး။ သူနဲ့လည်း အဆက်အသွယ်မရတော့ ဖမ်းဆီးခံရတာဘဲသိတယ်” ဟု ပြောဆိုသည်။

ဒေါက်တာကောန်လ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အကြောင်းစုံ အသေးစိတ်ကို မသိရသေးကြောင်း သူကပြောသည်။

KNC ပါတီသည် စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကို မတက်ရောက်ဘဲ ငြင်းဆန်ထားသောပါတီဖြစ်သည်။

အလားတူ Kachin People’s Political Front–KPPF ကို ဖွဲ့စည်းမှုတွင်လည်း ပါဝင်နေပြီး အဆိုပါအဖွဲ့မှာ ကချင်စတိတ်ဆိုင်ရာ မူဝါဒများကို ထုတ်ပြန်နေသူသောအဖွဲ့ဖြစ်သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...