လှိုင်သာယာရှိ စစ်ကောင်စီတပ်စွဲထားသော အထည်ချုပ်စက်ရုံကို ပြောက်ကျားအဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အနည်းဆုံး ၂ ဦး ပြင်းထန်စွာဒဏ်ရာရ

လှိုင်သာယာရှိ စစ်ကောင်စီတပ်စွဲထားသော အထည်ချုပ်စက်ရုံကို ပြောက်ကျားအဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အနည်းဆုံး ၂ ဦး ပြင်းထန်စွာဒဏ်ရာရ

စစ်ကောင်စီတပ်စွဲထားသော လှိုင်သာယာရှိအထည်ချုပ်စက်ရုံကို ယနေ့ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် နံနက်ပိုင်းက သမိုင်းမြို့သစ်တွင် ဖြစ်ပွားခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း လှိုင်သာယာ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ည ၁၀ နာရီတိတိအချိန်တွင် စနေမထိပ်ရှိ အထည်ချုပ်စက်ရုံအား အဝေးထိန်းဗုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးနှစ်ယောက် ပြင်းထန်စွာ ထိခိုက်မှုရှိကြောင်း CGF HTY က ကြေညာသည်။

CGF-HTY မှာ ထိခိုက်မှုမရှိကြောင်းနှင့် သမိုင်းမြို့သစ်တွင် အကြမ်းဖက်ပစ်ခတ်မှုအတွက် လက်တုန့်ပြန်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုကာ "ဘယ်သူထိထိ CGF HTY ကို ထိသည်။နောက်နောင်တွင်လည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်" ဟု ပါရှိသည်။

လှိုင်သာယာဒေသခံတစ်ဦးက "ပေါက်တဲ့အသံကတော့ တော်တော်ကျယ်တယ်။ အခုမီးပျက်သွားပြီ။ သေနတ်သံတွေလည်း ကြားရတယ်။ အများကြီးတော့မဟုတ်ဘူး။ သုံးလေးချက်ပဲ" ဟု ပြောသည်။

 
 

 

 

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...