မောင်တောတွင် မူယစ်ဆေးဝါး ဖမ်းမိရာမှ နောက်ဆက်တွဲ တူမီးသေနတ် ၂ လက်ပါ ဖမ်းမိ

မောင်တောတွင် မူယစ်ဆေးဝါး ဖမ်းမိရာမှ နောက်ဆက်တွဲ တူမီးသေနတ် ၂ လက်ပါ ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိပြီးနောက် ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရာ တူမီး သေနတ် ၂ လက်ကိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်ပွားမှုမှာ ယနေ့ မေလ ၂၉ ရက် နေ့လယ်အချိန်က နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်ကြီးတိန်ရင် ဦးစီး အဖွဲ့မှ မောင်တောမြို့နယ်တောင် ပိုင်း ရဲတပ်ရင်းများ စခန်းဆောက်ရန် အတွက် မျော့ဝါးခုတ်ပြီး ပြန်လာစဉ် မသင်္ကာဖွယ် လူ ၃ ဦးအား ထိုင်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းတို့ထံမှ ပါဆယ်ထုပ်စည်း ၅ ထုပ်နှင့် သီးခြား အထုပ်တစ်ထုပ်နှင့် ထုပ်ပိုး ယူဆောင်လာသည့် WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၁ သောင်းကို ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

၎င်းပြင် Super Kanbo CZI အမျိုးအစား ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ရွှေဆွဲးကြိုး ၁ ကုံး၊ ရွှေလက်စွပ် ၁ ကွင်း၊ နာရီ ၃ လုံးနှင့် ကျပ်ငွေ နှစ်သိန်းကိုးသောင်းတို့ကို သိမ်းဆည်းရမိသည်ဟု နယ်ခြားစောင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုသို့ မူးယစ်ဆေးဝါးများ တွေ့ရှိရသဖြင့် ဌေးလှိုင်(ဘ) ဦးစံထွီး/ ရခိုင် အသက် ၃၈ နှစ် ရန်အောင်ပြင် ကျေးရွာ၊ ထွန်းရိုန် (ဘ)ဦးကာဝိုင်/ မြို (၃၅) နှစ် ဝက်ကျိန်းရွာ၊ သန်းအောင်(ဘ) ဦးကင်ဖော်/မြို (၃၅) နှစ် ကိုင်းကြီးမြိုကျေးရွာတို့အား ဖမ်းဆီးလိုက်သည်ဟု သူက ဆိုသည်။

ဖမ်းဆီးပြီးနောက် တရားခံ ၃ ဦးအား စစ်ဆေးချက်ရာ ၎င်းတို့မှာ ကိုင်းကြီးကျေးရွာအုပ်စု မြိုရွာဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ ခိုင်းစေချက်အရ ၎င်းစိတ်ကြွဆေးပြားများကို သရေကုန်ဘောင်ရွာမှ ဘင်္ဂလီ လူမျိုး တစ်ဦး ပေးအပ်ရန် ယူဆောင်လာခြင်း ဖြစ်ပြီး ၎င်း ဘင်္ဂလီ လူမျိုးအား စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသောနေရာတွင် ထိုင်နေကြရန်မှာထားသဖြင့် ထိုင်နေခြင်း ဖြစ်ကြောင်း၊ လူ တစ်ဦးလျှင် ပို့ဆောင်ခ (၁)သိန်းကျဖြင့် ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်းထွက်ဆိုခဲ့သည်ဟု ဆိုသည်။

၎င်းနောက် ကိုင်းကြီးကျေးရွာအုပ်စု မြိုရွာ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနေအိမ်အား နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဆက်လက် သွားရောက်ရှာဖွေရာ တူမီးသေနတ် ၂ လက် အား ၎င်း၏ နေအိမ်အထဲမှ ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုင်းကြီးကျေးရွာအုပ်စု မြိုရွာ ဥက္ကဋ္ဌ ဦးခင်မောင်သန်း မှာ ထွက်ပြေးတိမ်းရှောင် လျှက်ရှိကြောင်းနှင့် ၎င်းအား ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ရှာဖွေစုံစမ်းမူများ ပြုလုပ်နေကြောင်းသတင်း ရရှိပါသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...