ရခိုင်ပြည်နယ် ပညာရေးမြင့်မားစေရန် အလုပ်ရုံဆွးနွေးပွဲ စစ်တွေတွင် ပြုလုပ်

ရခိုင်ပြည်နယ် ပညာရေးမြင့်မားစေရန် အလုပ်ရုံဆွးနွေးပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၏ ပညာရေးအခြေအနေပိုမိုတိုးတက်လာစေရန် အခြေခံ ပညာအဆင့် ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် မေလ ၂၉ ရက်တွင် စတင် ပြုလုပ်ခဲ့သည်။

“ဒီပွဲမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ရခိုင်ပြည်နယ်အစိုးရဆီးကနေ ဆုံးဖြတ်ချက်တွေ ချမှတ် သွားမှာပေါ့။ အဲဒီဆုံးဖြတ်ချက်တွေအတိုင်း ပညာရေးဌာနအနေနဲ့ အကောင်အထည်ဖော်သွားမယ်။ ဒီလို အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ရခိုင်ပြည်ရဲ့ ပညာရေးဟာ ရည်မှန်းထားတဲ့ အတိုင်း အဆင့်တစ်ဆင့်ကို ရောက်လာမယ်လို့ ဆရာ့အနေနဲ့ မျှော်မှန်းတယ်။ ဒီလိုမျှော်မှန်းချက်ကြောင့် ဒီပွဲကိုလုပ်ရတာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းရင်းသားစာပေကို ထိရောက်စွာသင်ကြားခြင်းနှင့် ကြီးကြပ်ခြင်းအပါအဝင် ပညာရေးနှင့်ပတ်သက်သည့် စာတမ်း (၂၅)စောင် အား ဖတ်ကြားတင်သွင်းခဲ့ကြသည်။ စာတမ်းများဖတ်ကြားသည့်အပေါ် တက်ရောက်လာသူများက ဆွေးနွေးအကြံပြုခဲ့ကြသည်။

“ဒီစာတမ်းဖတ်ပွဲမှာ ပထမဖတ်တဲ့စာတမ်းမှာ တိုင်းရင်းသား မိခင်ဘာသာစကားကို သင်ကြားရေးအတွက် လုပ်တဲ့စာတမ်းဟာ ကျွန်တော်တို့အတွက် တော်တော်လေးကို အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း စာတမ်းတစ်ခုဆိုတာက ပြီးပြည့်စုံတဲ့စာတမ်းဖြစ်ဖို့က မလွွယ်ကူပါ။ အဲလို အားနည်းချက် အားသာချက်တွေအပေါ်မှာ အားနည်းချက်တွေကို ကျွန်တော်တို့ ထောက်ပြမယ်။ အားသက်ချက်တွေကို အတည်ပြုပြီးတော့ သွားမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ စာတမ်းဖြစ်ပြီးတော့ အဲဒီစာတမ်းထဲက ပါတဲ့အချက်အလက်တွေကို တကယ်သာကျောင်းသင်ခန်းစာထဲမှာ ပုံဖော်ဆွဲခေါ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ မျိုးဆစ်သစ် ရခိုင်သူ ရခိုင်သားလေးတွေအတွက် အလွန်တရာ ကောင်းတဲ့ ပညာရေး မိခင်ဘာသာစကားအစီအစဉ်တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ် ” ဟု မဟာပညာကျော် ကိုယ်ပိုင် အထက်တန်းကျောင်း၏ အုပ်ချုပ်သူ ဆရာဦးသိန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်းဝန်ကြီး၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အသီးသီးမှ ဆရာ /မများအပါအဝင် စိတ်ဝင်စားသူတချို့လည်း တက်ရောက်ခဲ့ကြသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...