စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ

စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ

ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းမှ သေနတ်ပစ်ခတ်မှုကြောင့် စျေးမှပြန်လာသော ဒေသခံအမျိုးသမီး ကျည်ထိမှန်ကာ လဲကျနေသည်ကို ယနေ့ညနေပိုင်းက တွေ့ရကြောင်း ဒေသခံများပြောသည်။

ဩဂုတ် ၁၃ ရက်နေ့ ယနေ့ည ၅ နာရီဝန်းကျင်မှစကာ ခလရ (၅၈) တပ်ရင်းသည် လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်နေပြီး ဝိုင်းမော်ဘက်မှ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးငယ်တစ်ဦးကို သေနတ်ထိမှန်ကာ လဲကျနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဲအမျိုးသမီးက ဈေးသည်လို့ပြောကြတယ်။ ဝိုင်းမော်ဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ (၅၈) တပ်ရှေ့မှာကို ပစ်သတ် လိုက်တယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ထိမှန်သည့် အမျိုးသမီးသည် ကလေးမိခင်တစ်ဦးဖြစ်ပြီး ဝူယန်ငေါ့ချန်းရပ်ကွက်မှ ‌ဒေါ်ဆောင်ပြုံးဆိုသူဖြစ်ကြောင်း သိရသည်။

"ခုကျနော်တို့ရွာသားတွေ အလောင်းသွားကောက်မယ်ဆိုတော့ ကောက်ခွင့်မပေးဘူး။ အလောင်းကို ဇလုံအကြီးနဲ့အုပ်ထားပြီး လူနာတင်ကားစောင့်နေကြတယ်လို့ သိရတယ်" ဟု ဝူယန်ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရ သေနတ်ထိမှန်သော အမျိုးသမီးသည် သေဆုံးသွာပြီဟုဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရသေးပါ။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ကာ သေဆုံးမှုများရှိနေသည်ကို တွေ့ရပါသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...