ကရင်နီပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၃၄) ဦး ထပ်တိုး၊ (၄) ဦးသေဆုံး

ကရင်နီပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၃၄) ဦး ထပ်တိုး၊ (၄) ဦးသေဆုံး

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၄ ဦးသေဆုံးပြီး လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့တွေမှာ ကိုဗစ်အတည်ပြုလူနာ (၃၄) ဦး ထပ်မံတွေ့ရှိတယ်လို့ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ (၁၆) ဦး၊ ဘောလခဲမြို့မှ ၂ ဦး၊ ဖားဆောင်းမြို့မှ (၁၆) ဦး ဖြစ်ပါတယ်။

ပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်စပ်သူအားလုံးကို Quarantine ထားရှိပြီး ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ဇွန်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၇၂၉) ဦး၊ ဖရူဆိုမြို့မှ (၆) ဦး၊ ဘောလခဲမြို့မှ (၃၉) ဦး၊ ဖားဆောင်းမြို့မှ (၂၅၁) ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁,၀၂၅) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၄၅) ဦး၊ ဖရူဆိုမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့တစ်ဦး စုစုပေါင်း (၄၇) ဦး ရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၆၀၈) ဦးနဲ့ ဆေးရုံတက်ရောက်ဆဲ (၃၆၉) ဦး ကျန်ရှိတယ်လို့ သိရပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...