ဘူသီးတောင်မြို့နယ်တွင် နောက်ထပ် ရာအိမ်မှူး တစ်ဦး သတ်ဖြတ်ခံရ

ဘူသီးတောင်မြို့နယ်တွင် နောက်ထပ် ရာအိမ်မှူး တစ်ဦး သတ်ဖြတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နောက်ထပ် ဘင်္ဂလီ လူမျိုး ရာအိမ်မှူး တစ်ဦး မနေ့ ညနေပိုင်းက လည်လှီး သတ်ဖြတ် ခံခဲ့ရကြောင်း သတင်းရရှိသည်။

njr2903သတ်ဖြတ်ခံရသူမှာ ရာအိမ်မှူးတစ်ဦးဖြစ်သူ မာမောက်တာဟဲရ် (၃၀) နှစ် (ဘ)မာမတ်ဆွေယိဒ် ဖြစ်ကြောင်း တောင်ဘဇားရဲစခန်း တာဝန်ရှိသူ တစ်ဦးမှ နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ မေ ၂၈ ရက်နေ့ ညနေ ၃ နာရီ အချိန် ဘူးသီးတောင် မီးကျောင်းခေါင်းဆွဲအုပ်စု ခူမီခါလီကျေးရွာနေ ရော်ကီကာဒီ (၃၃) နှစ်(ဘ) မာမောက်အီနုရ် ရာအိမ်မှုးဟောင်း နှင့် မီးကျောင်းခေါင်းဆွဲ ကျေးရွာနေ မာမောက်တာဟဲရ် (၃၀) နှစ် (ဘ)မာမတ်ဆွေယိဒ် လက်ရှိရာအိမ်မှူး တို့ ၂ ဦးသည် တောင်ဘဇား နယ်မြေရဲစခန်းသို့ ကျေးရွာလုံခြံုရေးကိစ္စဆွေးနွေးရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး စခန်းမှ အပြန်တွင် ရာအိမ်မှူုး မာမောက်တာဟဲရ် အသတ်ခံရခြင်း ဖြစ်သည်။

“ သူတို့ ဆိုင်ကယ်နဲ့ ပြန်ပြီး ညနေ ၄ နာရီ ၃၀ မိနစ်မှာ အသတ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဖြစ်တာက မီးကျောင်းခေါင်းဆွဲ အုပ်စု ဘုရားပေါ် စေတီရှိတယ်။ တာဝတိန်သာ အနီး တံတားလေးအကွေ့ တောစပ်အနီးမှာ အသတ်ခံရတာ ဖြစ်ပါတယ်။ အဲဒီ နှစ်ဦးထဲက ရာအိမ်မှူး မာမောက်တာဟဲရ် ကို ခန့်မှန်းက ၄ ယောက်နဲ့ အပေါင်းအပါတွေက လည်ပင်းလှီးပြီး သတ်ဖြတ်လိုက်တာဖြစ်ပါတယ်”ဟု ၎င်းတာဝန်ရှိ ရဲအရာရှိက ပြောကြားသည်။

ရာအိမ်မှူး မာမောက်တာဟဲရ်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ခဲ့ပြီးနောက် အကြမ်းဖက်သမား လူပေါင်း ၂၀ ခန့်က ၀ိုင်းဝန်းသတ်ဖြတ်လိုက်ပြီး ရော်ကီကာဒီ (၃၃) နှစ်(ဘ) မာမောက်အီနုရ် ရာအိမ်မှူးဟောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး တောင်ဘဇားရဲစခန်းတွင် (ပ) ၃၂/ ၁၁၄/ ၃၀၂ အမှုဖွင့် အရေးယူထားကြောင်း၊ ယမန်နေ့ကတည်းက တောင်ဘဇားစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အဆိုပါအခင်းဖြစ်ပွားနေရာသို့ လိုက်သွားပြီး လူသတ်ရာတွင် ပါ၀င်သူများကို လိုက်လံ စုံစမ်းစစ်ဆေးနေကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခုအခါ ၎င်းလူသတ်မှုတွင် အဓိက ဦးဆောင် ပါ၀င်သူ မီးကျောင်းခေါင်းဆွဲ ကျေးရွာမှ ဘင်္ဂလီ လူမျိုး နှစ်ဦးအား ဖော်ထုတ်နိုင်ခဲ့ပြီး အရေးယူမှုများ ပြုလုပ်နိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...