မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် မြေပြိုကျကာ စစ်ရှောင်ပြည်သူတစ်ဦး ‌သေဆုံး

မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် မြေပြိုကျကာ စစ်ရှောင်ပြည်သူတစ်ဦး ‌သေဆုံး
KIO နယ်မြေ ရေကြီးမှုကြောင့် လူသေဆုံးမှုရှိ (Photo-Simsa Kasa Multimedia)
KIO နယ်မြေ ရေကြီးမှုကြောင့် လူသေဆုံးမှုရှိ (Photo-Simsa Kasa Multimedia)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မဂါးယန် စစ်ရှောင်စခန်းတွင် ဩဂုတ် ၁၂ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမူကြောင့် ကမ်းဘေးမြေပြိုမူဖြစ်ကာ စစ်ရှောင်ပြည်သူတစ်ဦး မြေပြိုမူတွင် မျှောပါသေဆုံးသွားကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

“တချို့က သတိရပြီး တစ်ခါတည်း ထွက်ပြေးသွားတယ်။ တချို့က မပြေးနိုင်တော့ အိမ်တွေပါသွားတယ်။ အမျိုးသမီးတစ်ဦး ဆုံးသွားပါတယ်။ အသက် ၈၀ ကျော်အရွယ် အဘွားတစ်ယောက်ကတော့ နည်းနည်းတော့ ဒဏ်ရာရသွားတယ်။ အဓိကတော့ ချောင်းတွေစုပြီး တောင်ပေါ်ကနေ တစ်ခါတည်းစီးကျလာတယ်။ နွေရာသီဆို အဲမှာ ချောင်းရေတောင်မစီးဘူး” ဟု မဂါးယန် စစ်ရှောင်စခန်း တာဝန်ခံကပြောသည်။

မြေပြိုမှုကြောင့် စစ်ရှောင်စခန်းအတွင်း နေအိမ် ၅ ခု ရေထဲမျှောပါသွားသည့်အပြင် နေအိမ် (၁၀) ခုသည်လည်း ပျက်ဆီးဆုံးရှုံးသွားကြောင်း သိရသည်။

လက်ရှိ ရေဘေးကြုံတွေ့နေရသော စစ်ရှောင်ပြည်သူများအတွက် နေအိမ်နှင့် အစားအသောက်များ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ဆက်ပြောသည်။

“အခုထိခိုက်သွားသူတွေရဲ့ အိမ်ချက်ချင်းပြန်ဆောက်ပေးရမယ်။ အစားအသောက် အိုးခွက် ပြန်စီစဉ်ပေးရမယ်။ သူတို့ကို အခု ဘုရားကျောင်းမှာ ထားထားပါတယ်” ဟု စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

ရေကြီးမှုကြောင့် စစ်ရှောင်စခန်းအတွင်း သွားလာသော ရပ်ကွက်လမ်းများ မြေပြိုပိတ်ဆို့သွားသောကြောင့် လူအားဖြင့် မရှင်းလင်းနိုင်သည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

မဂါးယန်စစ်ရှောင်စခန်းသည် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်ကြောင့် တရုတ်နယ်စပ်တွင် ထပ်ဆင့် ရွေ့ပြောင်းခဲ့ရသော စခန်းဖြစ်သည်။

ယနေ့ နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုင်ဇာမြို့အနီးရှိ ဖွန်လွမ်ယန် စစ်ရှောင်စခန်းနှင့် ဂျေယာန် စစ်ရှောင်စခန်းတို့တွင်လည်း ချောင်းရေကြီးမှုဖြစ်နေကြောင်း သိရသည်။

ယင်းစစ်ရှောင်စခန်းများသည် နှစ်စဥ် မိုးတွင်းကာလ ရေကြီးရေလျှံမူကြုံ‌တွေ့ရကြောင်း သိရသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...