မောင်တော-သင်္ဘောကွေ့ နယ်ခြားစောင့်စခန်းမှ လူငယ်တစ်ဦးကို ရိုက်ပုတ်ထိုးကြိတ်မှု အပေါ် မိသားစုများက လက်ခံနိုင်ဖွယ်မရှိဟုဆို

မောင်တော-သင်္ဘောကွေ့ နယ်ခြားစောင့်စခန်းမှ လူငယ်တစ်ဦးကို ရိုက်ပုတ်ထိုးကြိတ်မှု အပေါ် မိသားစုများက လက်ခံနိုင်ဖွယ်မရှိဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူကျေးရွာမှ အသက်နှစ်ဆယ် အရွယ် ရခိုင် လူငယ်တစ်ဦးအား သင်္ဘောကွေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာဟု ဆိုကာ ကိုယ်ထိလက်ရောက် ရိုက်ပုတ် ညှဉ်းပမ်းသည့် ဖြစ်စဉ်တစ်ခု မေလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

njr2901၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဥပဒေချိုးဖောက်ပါက ဥပဒေ ကြောင်းအရသာ အရေးယူစေလိုပြီး ကိုယ်ထိလက်ရောက် ရိုက်ပုတ် ညှဉ်းပမ်းမှုများ မပြုလုပ်စေလိုပါဟု မိဘဖြစ်သူများက ပြောကြားသည်။

“ ကျွန်တော်သား ဇော်လင်းနိုင်ဟာ ဒီလ ၂၅ ရက်နေ့က ကျောက်ပန်းတူရွာကနေ အင်းဒင်ကျေးရွာကို ဆိုင်ကယ်နဲ့ သွားစဉ်မှာ သူနဲ့ အတူ လိုက်ပါလာတဲ့ အမျိုးသမီးကနေ အရေးကြီးတယ်လို့ ဆိုတဲ့ အတွက် ဆိုင်ကယ်ပေါ်က မဆင်းဘဲ မောင်းသွားခဲ့ပါတယ်။ အပြန် ၉ နာရီ ၁၅ မိနစ်ခန့်မှာ စခန်းနောက်ဘက် လမ်းက ပြန်ပါတယ်။ အဲဒါကို ဖမ်းပြီး ရိုက်ပုတ် ညှဉ်းပမ်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို လုပ်တဲ့ အပေါ်မှာ ဖခင် တစ်ယောက်အနေနဲ့ လုံးဝ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ဖခင် ဖြစ်သူ ကျောက်ပန်းတူရွာနေ ဦးကံကြီးအောင်က ပြောသည်။

ဇော်လင်းအောင်မှာ အသက် ၂၁ နှစ်သာရှိသေးကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့က သင်္ဘောကွေ့ နယ်ခြားစောင့် ရဲစခန်းမှ သတ်မှတ်ထားသည့် စခန်းရှေ့တွင် ဆိုင်ကယ်များ ဖြတ်သန်းသွားလာလျှင် ဆိုင်ကယ်ပေါ်ပါလာသူများမှ ဆင်းပြီး ဆိုင်ကယ်ကို တွန်းသွားရကြောင်း၊ ထိုနေ့က ဇော်လင်းအောင်မှ ဆိုင်ကယ်ပေါ်မှ မဆင်းဘဲ မောင်းသွားခဲ့ကြောင်း၊ ညနေပိုင်းမောင်တောမှ အပြန်တွင် စခန်း၏ နောက်ဘက်လမ်း ပြန်လာသည်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကြောင်း၊ မလိုက်ရန် ငြင်းရာမှ နယ်ခြားစောင့်ရဲစခန်းထိ အတင်း ဒရွတ်တိုက်ဆွဲခေါ်ကြောင်း၊ ၀တ်ထားသော လုံချည်မှာ စုတ်ပြတ်သွားခဲ့ကြောင်း၊ စခန်းထဲသို့ အရောက်တွင် ရိုက်နှက် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူက ဆက်လက် ပြောကြားသည်။

ဇော်လင်းအောင်၏ အစ်မဖြစ်သူ ဒေါ်မနုကလဲ “ ကျွန်မမောင်လေးက အရေးကြီးတဲ့ အတွက် ဆိုင်ကယ်ပေါ်က မဆင်းဖြစ်ဘဲ မောင်းမိတဲ့ အတွက် တစ်ကြိမ်တစ်ခါ ခွင့်လွတ်ပေးဖို့ တောင်းပန်ပေမယ့် မရပဲ ရိုက်ပုတ်ထိုးကြိတ်ခံခဲ့ရပါတယ်။ ကျွန်မတို့အနေနဲ့ သူတို့ ထုတ်ထားတဲ့ စည်းကမ်းကိုလည်း နားလည်ပါတယ်။ ဒါကလည်း လိုအပ်လို့ ထုတ်ထားတာ ဖြစ်တယ်ဆိုတာကိုပါ။ ဒီဒေသမှာ ရခိုင်တွေဆိုတာကလဲ လူနည်းစု ဖြစ်တဲ့ အတွက် သူတို့ရဲ့ စောင့်ရှောက်ကာကွယ်ပေးမှုနဲ့ နေရတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ဒီလို ရိုက်နှက်ထိုးကြိတ် ညှဉ်းပမ်းမှုမျိုးတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မတို့အနေနဲ့ နောက်နောင်မှာ ဒီလို အဖြစ်မျိုး မဖြစ်စေချင်တဲ့ အတွက် ဒီကိစ္စကို ထုတ်ဖော်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘခင်ဖြစ်သူ ဦးကံကြီးအောင်မှ ကျောက်ပန်းတူကျေးရွာမှာ အိမ်ခြေ ရ၀ ခန့်သာရှိကြောင်း၊ မိမိတို့အားကိုး အားထားပြုနေသူများမှ ယခုလို နိုင်ထက် စီးနှင်းပြုလုပ်နေမည်ဆိုပါက အနာဂတ်တွင် ဤဒေသတွင် ဆက်လက် နေထိုင်ရန်ကိုပါ စဉ်းစားရတော့မည် ဖြစ်ကြောင်း၊ မိမိတို့မှာ တိုင်းရင်းသားစစ်စစ်ဖြစ်ပါလျက် ဤဒေသတွင် အကာအကွယ်မဲ့နေသူများ ဖြစ်ကြောင်း၊ သို့အတွက် နောက်နောင် ယခုလို အဖြစ်ပျက်မျိုး ထပ်မံ မဖြစ်စေလိုကြောင်း၊ ယခင်ကလည်း ရွာသားများ အပေါ် နိုင်ထက် စီးနှင်းမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာမှ စိစစ်မှုများ ပြုလုပ်စေလိုကြောင်း ပြောကြားသည်။

အဆိုပါနေ့က ဇော်လင်းနိုင်၏ မိဘများ၊ ဆွေမျိုးများမှ သင်္ဘောကွေ့ရဲစခန်းသို့ လိုက်ပါသွားရာ နှစ်ဘက်အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့မှ သေနတ်များကိုဆွဲထုတ်ခဲ့သည့် အဆင့်ထိ ဖြစ်ပွားခဲ့ပြီး ဇော်လင်းအောင် ဆွေမျိုးများက မိမိတို့အား အချိန်မရွေး သတ်လိုပါက သတ်၍ရကြောင်း ခွန်းတုန့်ပြန် ပြောဆိုရာမှ ပြဿနာမှာ ကြီးကျယ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် နယ်ခြားစောင့်ရဲ တာဝန်ရှိသူမှ ဇော်လင်းအောင် ဖခင် ဖြစ်သူ ဦးကံကြီးအောင် ရဲစခန်းသို့ ခေါ်ယူပြီး တောင်းပန်ကာ ဇော်လင်းအောင်ကို လွတ်ပေးခဲ့သည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...