တိုုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ် ၂၀၁၉ တွင် ပုံုပေါ်မည်ဟုဆို

တိုုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ် ၂၀၁၉ တွင် ပုံုပေါ်မည်ဟုဆို
by -
သံလွင်တိုင်းမ်
တိုင်းရင်းသားအားလုံးတောင်းဆိုနေကြသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်ရေးကို လက်ရှိ NLD အစိုးရက အကောင်ထည်ဖော်ဆောင်ရွက်နေပြီး လာမည့် ၂၀၁၉ မှာ ၄င်းတို့ပုံဖော်နေသည့် ဖက်ဒရယ်ပုံစံကို သိရှိနိုင်ကြမှာ ဖြစ်ကြောင်း သမ္မတ ရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်းဗင်းရှင်းဗဟိုဌာန ၂ (MICC-2) မှာ မေ ၂၄ မှ ၂၈ အထိ(၅) ရက်အကြာကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ကျွန်တော်တို့အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒ တကယ့်မျှော်မှန်းချက်က တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပါပဲ။ ဒီအစိုးရသက်တမ်းအတွင်းမှာ ၂၀၁၇ မှာ ဆွေးနွေးမှု (Discussion) လုပ်ပါမယ်။ ၂၀၁၈ ဆိုရင်အခြေခံမူကနေပြီးအသေး စိတ်အခြေခံမူဝါဒလေးတွေ ဆက်ဖြစ်လာမယ်လို့မှန်းထားတယ်။ ၂၀၁၉ ကျရင်တော့ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ ဖက်ဒရယ်က ပုံပေါ်ပါလိမ့်မယ်။ဖက်ဒရယ်မှာဆိုရင် တိုင်းရင်းသားတွေ တောက်လျှောက်တောင်းဆိုထားတဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပါပဲ။” ဟု ပြောကြားသည်။

ယခုု ကျင်းပခဲ့သည့် ၂၁ ရာစုုပင်လုံု ညီလာခံ ဒုုတိယအစည်းအဝေးကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အားလုံးပါ၀င်နိုင်ရေးနှင့် တန်းတူအခွင့်အရေး မရရှိသေးသည့်အတွက်ဟုု ဆိုုကာ မတက်ရောက်သော်လည်း ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဧ။် ဦးဆောင်မှုနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့က အထူးဖိတ်ကြားသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

တိုုင်းရင်းသားများ လိုုလားတောင်းဆိုုနေကြသည့် ဖက်ဒရယ် ဒီမိုုကရေစီစနစ်ကိုု ယခုုလက်ရှိ ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအောက်တွင် ရေးဆွဲနိုင်မည်မဟုတ်ဆိုုသည့် စိုုးရိမ် ဝေဖန်မှုများလည်း ရှိနေသည်ကိုု သိရသည်။

“NCA မှာသဘောတူထားတဲ့အချက်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ ရရှိဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်လို့ပြောထားတယ်။အဲ့လိုဖြစ်အောင် ပြည်နယ်ဖွဲ့စည်းပုံနှင့် ပြည်ထောင်စုဖွဲ့စည်းပုံ သဟဇာတဖြစ်ဖို့လိုတယ်။ဒီမိုကရေစီဆိုရင် ဒီမိုကရေစီဆန်ဆန် ဖွဲ့စည်းပုံဖြစ်ရမယ်။၂၀၀၈ ဖွဲ့စည်းပုံအောက်ကတော့ ဘယ်ပြည်နယ် ဖွဲ့စည်းပုံပဲဆွဲဆွဲ ၊ ဘယ်တိုင်းဒေသကြီး ဖွဲ့စည်းပုံပဲဆွဲဆွဲ ဖက်ဒရယ်ပုံစံဖြစ်လာဖို့ အကြောင်းမရှိဘူး။” ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးထွန်းဇော်က ဆိုသည်။

Think Tank အဖွဲ့အစည်းတစ်ခုုဖြစ်သည့် ပြည်ထောင်စုု အင်စတီကျု့ ဒါရိုုက်တာ ဦးခွန်စိုုင်းကမူ ဖက်ဒရယ်စနစ်ကိုတည်ဆောက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖွဲ့စည်းပုံများကို ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမှ ယင်းနေရာများ၏လိုအပ်ချက်များကို သိရှိနို်င်မှာဖြစ်ကြောင်း ဆိုုသည်။

၎င်းက “ဖက်ဒရယ်စနစ်ကိုတည်ဆောက်ပြီးပြီဆိုရင် ပြည်နယ်ဖွဲ့စည်းပုံတွေကို ကို်ယ်ပိုင်ပြဌာန်းခွင့်ရတာ သိပ်ကောင်းတယ်။ သူ့အခြေခံဥပဒေနဲ့ သူ့အခြေအနေနဲ့ စပ်ဆက်လျော်ညီတဲ့ ပေါ်လစီတွေချမှတ်ပြီးတော့ လုပ်ဆောင်နိုင်မယ်။” ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပင်လုံညီလာခံ စာတမ်းများတင်သွင်းခဲ့ကြရာတွင် တိုင်းရင်းသားအဖွဲ့အစည်းအချို့သည် ကိုုယ်ပိုုင်ပြဌာန်းခွင့် ဆိုုသည့် ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုများ ဖြစ်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပင်လုံဒုတိယ အစည်းအဝေး ပထမနေ့ မိန့်ခွန်းတွင် ပြောဆိုထားသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...