မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆) တွင် ကွယ်လွန်

မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆) တွင် ကွယ်လွန်

မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဆရာနိုင်ပန်းအောင် အသက် (၉၆) နှစ်သည် ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မော်လမြိုင်နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာနိုင်ပန်းအောင်သည် ကရင်ပြည်နယ် ထုံးအိုင်ရွာသားဖြစ်ပြီး မော်လမြိုင်ကိုပြောင်းရွေ့လာကာ မွန်နိုင်ငံရေးလောကတလျှောက်လုံး ပါဝင်လုပ်ဆောင်လာခဲ့သည်ဟု နီးစပ်သူ ဦးမင်းမင်းနွယ်က ပြောသည်။

“မော်လမြိုင်ကို ပြောင်းလာပြီးတော့ တလျှောက်လုံး နိုင်ငံရေးလုပ်လာတယ်။ ဟိုခေတ်တုန်းကဆိုရင် ဦးနုပါတီတို့မှာ လုပ်တယ်၊ နောက်ပြီး‌တော့ မဆလပါတီမှာလည်း လုပ်တယ်။ နောက်ပြီးတော့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှာလည်း လုပ်တယ်။ နောက်ပိုင်း မွန်ပါတီတွေ အသီးသီး ခေတ်အလျှောက်ပေါ်လာတဲ့ ပါတီတွေမှာလည်း နိုင်ပန်းအောင် မဆုပ်မနှစ် အမြဲတမ်းပါဝင်လှုပ်ရှားခဲ့တယ် ပါတီနိုင်ငံရေးမှာ တောက်လျှောက်ပဲ” ဟု ဦးမင်းမင်းနွယ်က ပြောသည်။

ဆရာနိုင်ပန်းအောင်သည် မွန်ပြည်နယ်ဖော်ထုတ်ရေးတွင်လည်း ပြန်ကြားရေးတာဝန်ယူခဲ့သလို မွန်ပြည်နယ်ရရှိအတွက်လည်း ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူလည်း ဖြစ်သည်။

“သူ့ရဲ့ ငယ်ဘဝမှာလည်း ကျနော်တို့ သိသလောက်တော့ အာရှလူငယ်မှာလည်းပါခဲ့တယ်။ နောက်ပြီးတော့ မွန်ပြည်နယ်ရရှိရေး မွန်ပြည်နယ်ဖော်ထုတ်ရေး၊ အလုပ်ညီညွတ်ရေးကော်မတီမှာလည်း ပြန်ကြားရေးတာဝန်ယူခဲ့တယ်။ မွန်ပြည်နယ်ရရှိရေးတို့မှာလည်း သူက ဆန္ဒပြဦးဆောင်တဲ့သူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာကို သူအမြဲတမ်းပြောပြခဲ့တယ်” ဟု ဦးမင်းမင်းနွယ်က ပြောသည်။

ဆရာနိုင်ပန်းအောင်သည် သတင်းစာဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖဆပလခေတ်တစ်လျှောက်လုံးတွင် အယ်ဒီတာအဖြစ်လုပ်ဆောင်ခဲ့သလို ရွှေမြိုင်မိခင်သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်ဟု သိရသည်။

ဆရာနိုင်ပန်းအောင်သည် မွန်ညီညွှတ်ရေးပါတီ (MUP) တွင်လည်း ပါဝင်ခဲ့ပြီး နစကတွင် MUP ပါဝင်သည့် ကိစ္စကြောင့် အနားယူခဲ့သည်ဟု နိုင်တလညီက ပြောသည်။

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆရာနိုင်ပန်းအောင်သည် မွန်သမိုင်းကြောင်းတစ်လျှောက်တွင် တော်လှန်ရေး၊ နိုင်ငံရေး၊ လွတ်လပ်ရေး ရုန်းကန်မှု တစ်လျှောက်လုံးတွင် ပါဝင်ခဲ့သလို မွန်လူငယ်များကိုလည်း ဦးဆောင်လာသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု သိရသည်။

ဆရာနိုင်ပန်းအောင်သည် မွန်ညီညွှတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့ပြီး နစကတွင် MUP ပါဝင်သည့်ကိစ္စကြောင့် အနားယူခဲ့သည်ဟု နိုင်တလညီက ပြောသည်။

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...