ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုး (၄၈) ဦး ထပ်မံတွေ့ရှိ၊ ပိုးတွေ့ရှိသူနှစ်ဦး ထပ်မံသေဆုံး

ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုး (၄၈) ဦး ထပ်မံတွေ့ရှိ၊ ပိုးတွေ့ရှိသူနှစ်ဦး ထပ်မံသေဆုံး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့ လောဓမ္မရပ်ကွက်နေ အသက် (၇၂) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၅၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၂ ရက်နေ့မှာ ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ (၄၈) ဦး ထပ်မံတွေ့ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါသေဆုံးသူများရဲ့ ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄ မိုင်သုဿန်သို့ ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပိုးတွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ (၄၆) ဦး၊ ဘောလခဲမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ တစ်ဦး စုစုပေါင်း (၄၈) ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၂၈၅) ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၄ ဦး၊ ဖားဆောင်းမြို့မှ နှစ်ဦးတို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၃၀၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၁) ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၁၂ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၆၀) ဦးရှိပြီလို့ သိရပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...