ကျောက်ဖြူတွင် အောင်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားသူတစ်ဦးအား လူမှုအဖွဲ့အစည်းများမှ နာရေးအတွက် ကူညီပေးနေစဉ်။ (ဓါတ်ပုံ - လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်း၊ ကျောက်ဖြူမြို့)

ကျောက်ဖြူတွင် အောင်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားသူတစ်ဦးအား လူမှုအဖွဲ့အစည်းများမှ နာရေးအတွက် ကူညီပေးနေစဉ်။ (ဓါတ်ပုံ - လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်း၊ ကျောက်ဖြူမြို့)
ကျောက်ဖြူတွင် အောင်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားသူတစ်ဦးအား လူမှုအဖွဲ့အစည်းများမှ နာရေးအတွက် ကူညီပေးနေစဉ်။ (ဓါတ်ပုံ - လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်း၊ ကျောက်ဖြူမြို့)
ကျောက်ဖြူတွင် အောင်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားသူတစ်ဦးအား လူမှုအဖွဲ့အစည်းများမှ နာရေးအတွက် ကူညီပေးနေစဉ်။ (ဓါတ်ပုံ - လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်း၊ ကျောက်ဖြူမြို့)

ရခိုင်တွင် အောက်ဆီဂျင်အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟုပြောဆိုခဲ့သည့် ပြည်နယ်ကောင်စီ ဝေဖန်ခံနေရ

ရခိုင််ပြည်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင် အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟု ပြောဆိုခဲ့သည့် ရခိုင်ပြည်နယ်စစ်ကောင်စီကို (Faecbook) လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်နေသည်။

ပြည်နယ်စစ်ကောင်စီမှ အောက်ဆီဂျင်လုံလောက်မှုရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိ မြေပြင်အခြေအနေတွင် အောက်ဆီဂျင်မလုံလောက်မှုကို စစ်တွေမြို့အပါအဝင် တခြားသောမြို့နယ်များတွင် တွေ့နေရကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များနှင့် ပြည်သူများက ဝေဖန်ကြသည်။

“ကိုဗစ်က ရခိုင်မှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာကိုတွေ့ရတယ်။ ဒီလိုမျိုးဆိုးလာတဲ့အခြေအနေမှာ အဓိက အောက်ဆီဂျင်ပြတ်တောက်မှုဖြစ်တာကိုပဲ မြင်နေရတယ်။ အခုဆိုရင်လည်း စစ်တွေဆေးရုံကြီးမှာ အောင်ဆီဂျင်ပြတ်တောက်မှုနဲ့ ဖြစ်နေကြတဲ့လူတွေ အများကြီးဆိုတာ မြင်နေရတယ်။ ကြားနေရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဘာမှ (အာဏာပိုင်တွေ) က လုပ်မပေးနိုင်ဘူး” ဟု ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှကပြောသည်။

ရခိုင်ရှိ မြို့နယ်တိုင်းတွင် အောက်ဆီဂျင်ဘူး အလုံအလောက်ရှိအောင် လုပ်ဆောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် အထူးစိုးရိမ်စရာမလိုကြောင်း၊ ပြည်နယ်အစိုးရလက်ထဲတွင် နှာခေါင်းစည်း (Mask) ၁၀ သိန်းခန့်ရှိသည့်အတွက် ပြတ်လပ်သွားမည်ကို စိုးရိမ်စရာမလိုကြောင်း ဇူလိုင် ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုခဲ့သည်။

အလားတူ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကလည်း ၎င်း၏ (Faecbook) လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကိုဗစ်ပိုးတွေ့လူနာများကို အောက်ဆီဂျင်လုံလောက်စွာပေးထားပြီး စိုးရိမ်ရန်မလိုအကြောင်း ပြောဆိုချက်များနှင့်ပတ်သတ်ပြီး ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှက ယခုကဲ့သို့ပြောသည်။

“သူတို့က အောက်ဆီဂျင်အလုံအလောက်ရှိတယ်၊ စိုးရိမ်ဖို့မလိုဘူး။ အဲလိုပုံစံမျိုးတွေပြောတဲ့အခါမှာ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ဘာမှမပြောနိုင်ဘူး။ ဘာမှလည်း ကုစားမပေးနိုင်ဘူး။ အဲလိုမျိုးအခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေနဲ့ ဖြစ်လာမယ့် အခက်အခဲပြဿနာတွေကို သူတို့ရှေ့မှာ ကြိုပြီး မတွေးထားဘူးလား။ သူတို့ပြောထားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေ၊ သူတို့ရဲ့ (Facebook) စာမျက်နှာမှာပြောခဲ့တဲ့စကားတွေကို ဒါကိုကြိုပြီးတော့ ပြောတာမဟုတ်ဘူးလား။ သူတို့ဟာ စစ်ကောင်စီရဲ့အလိုပါ၊ အလိုကျပြောဖို့အတွက်ကို ပြောတာလား။ ဒါမှမဟုတ် သူတို့မှာ လက်ဆုပ်လက်ကိုင်ဘာမှမရှိဘဲ ပြည်သူတွေကို အဲလိုမျိုးလိမ်နေတာလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အောက်ဆီဂျင်လုံလောက်မှုရှိသည့်အတွက် စိုးရိမ်စရာမရှိကြောင်း ပြောဆိုခြင်းသည် ပြည်နယ်စစ်ကောင်စီအနေဖြင့် ပဂတိမြေပြင်အခြေအနေကို မသိရှိသည့်အပြင် ကြိုတင်တွက်ဆမှုနည်းသည့်အတွက်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

 “သူတို့တွေက အောက်ဆီဂျင်လုံလောက်မှုရှိပါတယ်။ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ပြောတာပေါ့။ လောလောဆယ် အခြေအနေအရ ပြောတာပါ။ ဒီထက်ဆိုးလာရင်တော့ တစ်မျိုးဖြစ်မှာလို့ ပြောတာပေါ့။ အဲတော့ သူတို့ပြောဆိုတဲ့ အခြေအနေမှာ ဘာကိုတွေ့လိုက်လဲဆိုရင် သူတို့အနေနဲ့ ပဂတိဖြစ်နေတဲ့မြေပြင်အခြေအနေကို မသိတဲ့အပြင်ကို ရှေ့မှာ ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်တွက်ဆမှုတွေနည်းပြီးတော့ ဒီစစ်ကောင်စီ ဘက်ကနေပြီးတော့ သူတို့မှာရှိတဲ့ သဘောထား အာဘော်ကိုလိုက်ပြီးပဲ ပြောနေတယ်လို့သုံးသပ်ရတယ်” ဟု သူကဆိုသည်။

သို့သော် အောက်ဆီဂျင်မလုံလောက်ဆိုသည့်သတင်းများမှာ အဖျက်သဘောဆောင်သည့် သတင်းများသာဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြည်နယ် ပြန်/ဆက်နှင့် အင်တာဗျုးတွင် ဖြေကြားထားသည်။

“အောက်ဆီဂျင် မလုံလောက်ဘူးဆိုပြီး အရပ်သတင်းတွေက အဖျက်အမှောင့်သဘောဆောင်တယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘုတ်၊ အွန်လိုင်း တွေမှာ အစိုးရကို ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ ထုတ်လွှင့်မှုတွေရှိနေတယ်။ ပြည်သူတွေကို ထိတ်လန့်အောင် မမှန်မကန်သတင်းတွေနဲ့ သောကတွေ မပေးသင့်ဘူး။ ကျနော်တို့က အမှန်ကို ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်” ဟု ဦးလှသိန်းက ပြောသည်။

ယင်းအပြင် လက်ရှိအောက်ဆီဂျင်ထုတ်လှုပ်မှုမှာလည်း စစ်တွေဆေးရုံတွင် တစ်နေ့ အိုးကြီး (၆၀)၊ ကျောက်ဖြူဆေးရုံတွင် အိုးကြီး (၄၀)၊ မောင်တောဆေးရုံနှင့် သံတွဲဆေးရုံတို့တွင် အိုးကြီး (၃) လုံးစီ၊ တပ်မတော်စစ်ဆေးရုံ (စစ်တွေ) တွင် အိုးကြီး (၁၂) အိုး၊ အမ်းစစ်ဆေးရုံတွင် (၁၀) အိုး ထုတ်လှုပ်နေကြောင်း ဖြေဆိုထားသည်။

ပြည်နယ်စစ်ကောင်စီမှ ယင်းသို့ပြောဆိုထားသော်လည်း ယမန့်နေ့ ဇူလိုင် ၁၉ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး (၂) ဦးမှာ အောက်ဆီဂျင်ပြတ်သွားသည့်အတွက် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ပိုးတွေ့ရှိသူ ၁၅၄၂ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။

 
 

 

 

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...