ဆိုလျားကူးတောင်ယာ စိုက်ပျိုးနိုင်ရန် ဝန်ကြီးချုပ် အာမခံမည်ဟုဆို

ဆိုလျားကူးတောင်ယာ စိုက်ပျိုးနိုင်ရန် ဝန်ကြီးချုပ် အာမခံမည်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)
ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်မည့်နေရာ ကျေးရွာအလိုက် သဘောထား ပြန်ကောက်မည် (ဓါတ်ပုံ-ကေတီ)
ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်မည့်နေရာ ကျေးရွာအလိုက် သဘောထား ပြန်ကောက်မည် (ဓါတ်ပုံ-ကေတီ)
ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ကျေးရွာအုပ်စု၊ ဆိုလျားကူးကျေးရွာပတ်ဝန်းကျင်ရှိ တပ်သိမ်းမြေယာပေါ်တွင် စိုက်ပျိုးချိန် အမှီ သီးနှံများစိုက်ပျိုးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်က အာမခံလက်မှတ် ရေးထိုးပေးမည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ရွာသားများနှင့် အစိုးရရုံးတွင် တွေ့ဆုံစဉ် ပြောဆိုသွားသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့မှ ကိုတူရယ်က ပြောသည်။

၎င်းက "တောင်ယာနှင့် ပတ်သက်ပြီး တောင်ယာပြန်လုပ်နို်င်ဖို့ ၀န်ကြီးချုပ်က အာမခံလက်မှတ် ရေးထိုးပေးမယ်လို့ အားလုံးရဲ့ရှေ့မှာ ပြောသွားတယ်" ဟု ပြောပါသည်။

တွေ့ဆုံစဉ် ရွာသား(၃)ဦးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး၊ ဖရူဆိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူး၊ တခြားသော ၀န်ကြီးများ လည်း ပါရှိသည်ဟု သိရှိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က အာမခံ လက်မှတ်ရေးထိုပေးမည် ပြောကြားခဲ့ပြီး ဇွန်လ(၅)ရက်နေ့တွင် ဆိုလျားကူးရွာသားများနှင့်လည်း ဆိုလျားကူးရွာတွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားခဲ့သော်လည်း အရေးပေါ်ကိစ္စရပ်ကြောင့် မတွေ့ဆုံနိုင်ခဲ့ကြောင်း သိရသည်။

“ထွက်လာတော့မယ်ပြောတော့မှ အရေးပေါ်အရေးကြီးတဲ့ အလုပ်ကိစ္စကြောင့် မလာဖြစ်တော့ပါဘူး။ အဲဒီအပေါ်မှာလည်း ရွာသားတွေကို အထင်မလွဲစေချင်ပါဘူး။ သံသယမဖြစ်စေချင်ဘူး” ဟု ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးရစ်ချက် ပြောသည်။

တွေ့ဆုံပွဲကို ဆိုလျားကူးတောင်သူများနှင့် ဖရူဆိုမြို့နယ်ရှိ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးရစ်ချက်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး၊ မြေစာရင်းနှင့် အုပ်စုအုပ်ချုပ်ရေးမှူးနှင့်သာ တွေ့ဆုံ စကားပြောခဲ့ကြသည်။

တပ်သိမ်းမြေတွင် သီးနှံအချိန်မှီစိုက်နိုင်ရန် တောင်သူများက ပြည်နယ်ဝန်ကြီးချူပ်ထံ ဧပြီလတွင် အသာနားခံစာ တင်ထားခဲ့ကြသည်။

ယခုချိန်ထိ ၀န်ကြီးချုပ်မှ တရားဝင် အာမခံပေးမည်ဆိုသည့် အတိအလင်း မရှိသေးသည့်အတွက် တောင်ယာ လုပ်ကိုင်သူများ ကလည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရပါသည်။

ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်မည့်နေရာ ကျေးရွာအလိုက် သဘောထား ပြန်ကောက်မည် (ဓါတ်ပုံ-ကေတီ)

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...