ရခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် တတိယလှိုင်းအတွင်း သေဆုံးသူပိုများလာ

ရခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် တတိယလှိုင်းအတွင်း သေဆုံးသူပိုများလာ

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူဦးရေထက် ယခုတတိယလှိုင်း အစမှာပင် သေဆုံးခဲ့သူဦးရေက ပိုမိုများပြားလာနေကြောင်း ဇူလိုင် ၁၈ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေ အချက်အလက်များအရ သိရသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်းတွင် ရခိုင်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းအစတွင်ပင် သေဆုံးသူ ဦးရေမှာ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၄၁ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “မနေ့က ၆ ဦးထပ်တိုးတယ်။ သေတာက အကုန်လုံး ၄၁ ယောက်ဖြစ်သွားပြီ။ သေဆုံးမှုတွေမြင့်တက်လာနေတဲ့အတွက် အားလုံးကိုဂရုစိုက်စေချင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၇ ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ အနည်းနှင့်အများရှိနေကြပြီး ဇူလိုင် ၁၈ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၇) ဦး၊ မြောက်ဦးတွင် (၁) ဦး၊ ကျောက်ဖြူတွင် (၃) ဦး၊ သံတွဲတွင် (၇) ဦး၊ တောင်ကုတ်တွင် (၁၅) ဦး၊ ဂွတွင် (၁) ဦး၊ မောင်တောတွင် (၆) ဦးနှင့် ရသေ့တောင်တွင် (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးမှာ ယနေ့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း မာန်အောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာဦးစောမင်းက DMG သို့ အတည်ပြုပြောဆိုထားသည်။

ယခုကဲ့သို့ သေဆုံးသူများပြားလာရခြင်းမှာ ရောဂါပိုးကူးစက်မှုမြန်ဆန်လာခြင်း၊ တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်မှု အားနည်းခြင်း၊ ပြည်သူများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်းနှင့် ကုသမှုပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများကွန်ယက် ဥက္ကဋ္ဌ စောစံငြိမ်းသူက ထောက်ပြပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၄၃၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၃၇၂ ဦးနှင့် သေဆုံးသူ ၄၁ ဦးအထိ ရှိလာနေခြင်းဖြစ်သည်။

လက်ရှိမှာ Stay at Home သတ်မှတ်မြို့နယ်များက ရခိုင်ပြည်နယ်သို့လာရောက်မည့်သူများကို Quarantine ထားရှိမည့် နေရာများအား စီစဉ်ထားကြောင်း ပြည်နယ်ကောင်စီမှ သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၈ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၂၉,၅၂၁) ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၆၁,၈၅၉) ဦးနှင့် သေဆုံးသူစုစုပေါင်း (၅,၀၀၀) ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...