မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာတစ်ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်မှ အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရောဂါအခံရှိသူဖြစ်ကြောင်း မာန်အောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာဦးစောမင်းကပြောသည်။

"သူက မနေ့ကဆေးရုံကို အသည်းအသန်ဖြစ်ပြီးလာပြတာပါ။ သူ့မှာကိုဗစ်ပိုးတွေ့တယ်၊ အောက်ဆီဂျင်ကျနေလို့ တစ်ညလုံးအောက်ဆီဂျင်ပေးတာ မရလိုက်ဘူး။ ဒီနေ့မနက်မှာဘဲ ဆုံးသွားတယ်။ မိသားစုတွေကတော့ လူနာမှာရောဂါအခံရှိတယ်ပြောတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိ မာန်အောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၇ ဦးရှိပြီး ယင်းအထဲမှာ အရေးပေါ် အောက်ဆီဂျင်ပေးကုသနေရသူ ၃ ဦးရှိကြောင်း မြို့နယ်ဆေးရုံမှ သိရသည်။

မာန်အောင်ဆေးရုံတွင် လတ်တလောအောက်ဆီဂျင် ၄ အိုးရှိပြီး အောက်ဆီဂျင်မှာယူရေးအပိုင်းတွင် အခက်အခဲရှိနေကြောင်း လူမှုအဖွဲ့အစည်းများမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ COVID-19 အတည်ပြုလူနာများထဲမှ သေဆုံးသူ ၄၁ ဦးအထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...