မောင်တောခရိုင်ဆေးရုံ၌ အောက်စီဂျင်လိုအပ်မှုရှိနေ

မောင်တောခရိုင်ဆေးရုံ၌ အောက်စီဂျင်လိုအပ်မှုရှိနေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဆေးရုံ၌ အောက်စီဂျင်လိုအပ်မှုရှိနေကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါဆေးရုံရှိ အောက်ဆီဂျင်ထုတ်သည့်စက်မှာ မကောင်းတော့သည့်အတွက် မကြာခဏပျက်၍ ပြုပြင်ပြီးအသုံးပြုနေရသည်ဟု မောင်တောခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။

“အစကတည်းကနေ စက်ကအဟာင်းပါ။ ပျက်လိုက်ပြန်ပြုပြင်လိုက်ပေါ့။ အခုတော့ပြုပြင်ထားတယ်။ ဘယ်နေ့ပြန်ပျက်မလဲမသိဘူး။ အောက်ဆီဂျင်ကတော့ ၃ လုံးဘဲထုတ်နိုင်တယ်။ ဘယ်လိုမှ မလုံလောက်နိုင်ဘူး" ဟု ဒေါက်တာနုကေသီစံက ပြောသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံအတွက် စစ်တွေဆေးရုံမှပေးအပ်ထားသည့် Oxygen plant မှာ ပျက်နေသည့်အတွက် စစ်တွေမြို့မှမှာယူရာတွင် ဆလင်တာဗူးကြီးတစ်ဗူးကို အောက်ဆီဂျင်ဖြည့်ခ၊ သယ်ယူပို့ဆောင်ခဖြင့် တစ်ဗူးလျှင် ၃၅၀၀၀ ကျပ်ကုန်ကျကြောင်း သိရသည်။

"Oxygen plant ပျက်နေတယ်။ လောလောဆယ်မှာတော့ အောက်ဆီဂျင်ဆလင်ဒါဗူးကြီးအလုံး ၆၀ လောက်ရှိနေတယ်။ တစ်နေ့ကို အောက်ဆီဂျင်ဗူးကြီး ၁၀ လုံးလောက်ကုန်နေတယ်။ လူနာများလာရင်တော့ လိုအပ်မှုပိုများလာမယ်။ နေ့စဉ်စစ်တွေကမှာယူနေရတယ်" ဟု မောင်တောအခြေစိုက် ကရုဏာကွန်ရက် ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က DMG ကိုပြောသည်။

မောင်တောခရိုင်အတွက် တစ်ရက်လျှင် အောက်ဆီဂျင်ဆလင်တာဗူးကြီး ၁၅ လုံးထုတ်လုပ်နိုင်သည့် စက်တစ်လုံးလိုအပ်နေကြောင်း သိရသည်။

မောင်တောမြို့၌ ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၄၇ ဦးရှိရာ ၂၆၆ ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် လက်ရှိ အောက်ဆီဂျင်ပေးထားရသူ ၅ ဦးရှိကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...