စစ်ရှောင်ပြည်သူများ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာများ လိုအပ်နေဆဲ

စစ်ရှောင်ပြည်သူများ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာများ လိုအပ်နေဆဲ

စစ်တပ်အာဏာသိမ်းမှုကြောင့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ တောထဲတောင်ထဲသို့ ထွက်ပြေးခဲ့ကြရပါတယ်။

တိမ်းရှောင်နေရသူများထဲမှ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးရာသီဖြစ်နေတဲ့အတွက် မိုးလုံအောင် နေရဖို့က အဓိက အခက်အခဲဖြစ်တယ်လို့ သိရပါတယ်။

"တစ်ချို့ကတော့မိုးကာတော့ရှိတယ် ဒါပေမယ့် သူ့ဟာမလုံဘူး အပေါက်တွေများတယ်။ တစ်ထပ်နှစ်ထပ်ကာရတယ်ပေါ့နော် ဒါပေမယ့် မိုးတအားရွာရင်တော့ မလုံခြုံဘူး မိုးယိုတယ်ပေါ့။ တစ်ချို့ကျတော့ မိုးကာက ရှိကိုမရှိသေးတာ" လို့ ဒုက္ခသည်တွေကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သောက်သုံးရေမသန့်ရှင်းမှု၊ အဟာရချို့တဲ့မှုများကြောင့် စစ်ရှောင်ပြည်သူနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များဟာ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ယားယံတဲ့ အရေပြားရောဂါတွေလည်း ဖြစ်ပွားနေတာကြောင့် ဆေးဝါးလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

"အရေပြားကျတော့ အရေကြည်အဖုမျိုးပဲ ဒါပေမယ့် သူ့အဖုတွေက ဆက်ပွားတယ် အဲ့လိုဟာမျိုးတွေ ကြုံနေတယ်။ လောလောဆယ်တော့ ဆေးကတော့ ပါရာတစ်မျိုးပဲ ဆောင်ထားသေးတယ်။ ဝမ်းအတွက်ကတော့ ဆေးကမရှိထားသေးဘူး ဒီမှာ" လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်ပြည်သူများဟာ လက်ရှိနေရာကို လာရောင်တိမ်းရှောင်နေတာ တစ်လခန့်ရှိနေပြီဖြစ်ပြီး ယခုချိန်ထိ အလှုုရှင် တစ်ကြိမ်တည်းသာ လာရောက်လှုုဒန်းသေးတာကြောင့် လိုအပ်ချက်များစွာ ရှိနေပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာရှိပြီး လူဦးရေ ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၂ ရက်နေ့မှာ ကရင်နီတပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ နှစ်ဖက်တိုက်ပွဲကြောင့် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ဒေသခံပြည်သူ ရှစ်ထောင်နီးပါး တိမ်းရှောင်ရပြီး အလားတူလိုအပ်ချက်များလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...