မာန်အောင်မြို့နယ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ကျသည့် ရဲဝန်ထမ်း ၃ ဦးတွင် ကိုဗစ်ပိုးတွေ့

မာန်အောင်မြို့နယ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ကျသည့် ရဲဝန်ထမ်း ၃ ဦးတွင် ကိုဗစ်ပိုးတွေ့

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရဲစခန်းသို့ အသစ်ပြောင်းရွှေ့တာဝန်ကျလာသည့် ရဲဝန်ထမ်း ၃ ဦးတွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းရဲဝန်ထမ်းသုံးဦးမှာ ရန်ကုန်မြို့မှ မာန်အောင်မြို့နယ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ကျလာသူများဖြစ်ပြီး ဇူလိုင် ၁၄ ရက်နေ့က မာန်အောင်မြို့နယ်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မာန်အောင်မြို့ စေတနာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုကျော်မိုးနိုင်က ပြောသည်။

"မာန်အောင်ကို တာဝန်ထမ်းဆောင်ဖို့လာတဲ့ ရဲဝန်ထမ်းသုံးဦး ပိုးတွေ့တယ်။ သူတို့ကို မာန်အောင်ရောက်ကတည်းက သီးခြား ထားတာ" ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ပြီး ၃ ရက်အကြာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း သီးခြားတည်ရှိနေသော မြို့နယ်တစ်ခုဖြစ်သဖြင့် ကိုဗစ်ကာကွယ်တားဆီးကုသရေးဆောင်ရွက်ရာတွင် အခြားမြို့နယ်များထက် အခက်အခဲပိုများကြောင်း သိရသည်။

 
 

 

 

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...