မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်လိုက်သဖြင့် အလုပ်သမားမိသားစု ၉၀၀ ကျော် စားဝတ်နေရေးခက်ခဲနိုင်

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်လိုက်သဖြင့် အလုပ်သမားမိသားစု ၉၀၀ ကျော် စားဝတ်နေရေးခက်ခဲနိုင်

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။

"ကျွန်တော်တို့ ကုန်တင်ကုန်ချအလုပ်သမားတွေက တစ်နေ့လုပ်မှတစ်နေ့ စားဝတ်နေရေးဖူလှုံကြတဲ့ဘဝတွေပါ။ ကုန်သွယ်မှုစရပ်တော့ ဘယ်လိုလုပ်ပြီး မိသားစုတွေ စားသောက်နေထိုင်ရမလဲ မတွေးတတ်တော့ဘူး" ဟု ကုန်တင်ကုန်ချလုပ်သားခေါင်းဆောင် အဘူးတော်ယုတ်က DMG ကိုပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်မှုတွင် ကုန်တင်ကုန်ချအလုပ်သမား ၁၃၀ ကျော်ရှိပြီး ၎င်းတို့၏မိသားစုများ ၉၀၀ ခန့်ရှိကြောင်း ကုန်တင်ကုန်ချအလုပ်သမားများအဖွဲ့မှ သိရသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ၃၁ ရက်နေ့အထိ ပိတ်ထားရန် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားပြီး စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ဖုန်းဖြင့်အကြောင်းကြားထားကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ဆိုသည်။

"ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စာထုတ်ပြန်ထားတာတော့ တွေ့ရတယ်။ ညွှန်ကြားချက်ကတော့ ခရိုင်ကိုရောက်မှာပေါ့။ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ မနက်ဖြန်ကစပြီး ကုန်သွယ်မှုစရပ်ထားဖို့ ဖုန်းနဲ့ အကြောင်းကြာထားတာတော့ရှိတယ်" ဟု ဆိုသည်။

ထိုသို့နယ်စပ်ကုန်သွယ်မှုအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားခြင်းကြောင့် လက်လုပ်လက်စား ကုန်တင်ကုန်ချအလုပ်သမား ၁၃၀ နှင့် သူတို့၏မိသားစု ၉၀၀ ကျော်ခန့်မှာ စားဝတ်နေရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။

“နယ်စပ်ကုန်သွယ်မှုကို ကိုဗစ်ရောဂါနဲ့ ပထမပိတ်ထားတုန်းကလည်း ကျွန်တော်တို့လို မိသားစုများတဲ့သူတွေအတွက် တစ်ရက်ကို ထမင်းတစ်နပ်ပဲစားပြီး အသက်ရှင်နေခဲ့တယ်။ ဒါတောင် ကုန်သည်တွေဆီက ချေးငှါးထားရတာတွေ အခုထိပြန်မဆပ်နိုင်သေးဘူး" ဟု ကုန်တင်ကုန်ချအလုပ်သမား ကာလာမျှာကဆိုသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ကိုဗစ်ဒုတိယလိုင်း၌ ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့မှ စတင်ကုန်သွယ်မှုပြုခဲ့ပြီး ၂ လကျော်အကြာ ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကိုဗစ်တတိယလိုင်းကြောင့် ယာယီပိတ်ထားရခြင်းလည်းဖြစ်သည်။

 
 

 

 

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...