လွိုင်ကော်မြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၂ ဦးထပ်တိုး၊ ၈၅ ဦးအထိရှိလာ

လွိုင်ကော်မြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၂ ဦးထပ်တိုး၊ ၈၅ ဦးအထိရှိလာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ယမန်နေ့ ဇူလှိုင်လ ၁၂ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၂ ဦး ထပ်တိုးလာပြီး အမျိုးသမီး ၁၃ ဦးနဲ့ အမျိုးသား ၉ ဦးဖြစ်ကာ ပိုးတွေ့သူ ၈၅ ဦးအထိ ရှိလာတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြချက်အရ သိရပါတယ်။



လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှ ဆေးစစ်ချက်အရ ပိုးတွေ့သူ ၁၁ ဦးနဲ့ သူနာပြုသင်တန်းကျောင်း Quarantine Center မှ RDT စနစ်ဖြင့် စစ်ဆေးရာမှ ပိုးတွေ့သူ ၁၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။



လွိုင်ကော်မြို့ ကြည်သာယာ - နမ့်ဘော်ဝမ်အစပ် မူလွန်ကျောင်းအနီးမှ ကိုဗစ်ပိုးတွေ့ရှိသူ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား၂ ဦးတို့ဖြစ်ကြပြီး အမျိုးသမီးများမှာ အသက် (၄၁) နှစ်အရွယ်တစ်ဦး၊ (၅၁) နှစ်အရွယ်တစ်ဦး၊ (၂၁) နှစ်အရွယ်တစ်ဦး၊ (၆၇) နှစ်အရွယ်တစ်ဦးနဲ့ အမျိုးသားနှစ်ဦးမှာ ၁ နှစ်ခွဲအရွယ် ကလေးတစ်ဦးနဲ့ ၇၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။



ကြည်သာယာ ရွှေပိုးဥမှ ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ခရိုင် စုပေါင်းရုံးမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဒေါဥခူရပ်ကွက် စိန်ပန်းလမ်းမှ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လွိုင်ကော်တက္ကသိုလ်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပင်လောင်းမှလာ၍ Quarantine ဝင်တဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ နန်းမယ်ခုံမှ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဒေါတမရပ်ကွက်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မင်းစုရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဒီမော့ဆို ခေါက်ပလော့ရွာမှာနေတဲ့ ရန်ကုန်ပြန် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ လောဓမ္မရပ်ကွက်မှ ပိုးတွေ့သူ ၆ ဦးဖြစ်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့အနက် အမျိုးသား ၂ ဦးမှာ အသက်၂၄ နှစ်နဲ့ အသက် ၄၁ နှစ်တို့ဖြစ်ကြပြီး အမျိုးသမီး ၄ ဦးတို့မှာ အသက် ၄၂ နှစ်အရွယ်တစ်ဦး၊ အသက် ၉ နှစ်အရွယ်တစ်ဦး၊ အသက် ၁၃ နှစ်အရွယ်တစ်ဦး၊ အသက် ၁၇ နှစ်အရွယ်တစ်ဦးတို့ ဖြစ်ကြတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းမှ ဖော်ပြထားပါတယ်။



ကရင်နီပြည်နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၈၅ ဦးနဲ့ သေဆုံးသူ ၃ ဦးအထိရှိနေပြီလို့ သိရပါတယ်။



သေဆုံးသူ ၃ ဦးမှာ လွိုင်ကော်မြို့မှ ၂ ဦး၊ ဖရူဆိုမြို့မှ တစ်ဦးတို့ဖြစ်ကြပြီး ကိုဗစ်ပိုးတွေ့ရှိသူ ၈၅ ဦးအနက် လွိုင်ကော်မြို့မှ ၇၅ ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး၊ ဘောလခဲမြို့မှ ၄ ဦးတို့ ဖြစ်ကြပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...