နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား

နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား

မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံများ ပြောသည်။

စာသင်ကျောင်းဝန်းတွင် စစ်သားများက သဲအိတ်များဖြင့် ဘန်ကာအသွင်ပြုလုပ်ကာ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောသည်။

"ကျနော့အသက်နဲ့မျှ ဘဝမှာ တစ်ခါမှမမြင်ဖူးသေးဘူး။ ကျောင်းမှာက သဲအိတ်ချတွေချပြီး လုံခြုံရေးယူစရာမလိုဘူးလို့မြင်တယ်။ ကလေးတွေ ပညာသင်တဲ့နေရာလေ။ စစ်တပ်မှမဟုတ်တာ" ဟု ပြောဆိုသည်။

ကျောင်းဝင်းအတွင်း နေရာ ၃ ခုတွင် သဲအိတ်များချကာ နေ့စဉ် စစ်သား ၁၀ ဦးထက်မနည်း တပ်စွဲနေရာယူထားသည်ကို သိရသည်။

အဆိုပါ နမ္မတီး အ.ထ.က ကျောင်းသည် ပြီးခဲ့သည့်လမှစတင်ကာ စစ်ကောင်စီ၏အမိန့်အရ စာသင်နေသောကျောင်းဖြစ်သည်။

စစ်ကောင်စီတပ်သည်လည်း ကျောင်းဖွင့်ပြီးမကြာမှီ စာသင်ကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲလာခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...