နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား

နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား

မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံများ ပြောသည်။

စာသင်ကျောင်းဝန်းတွင် စစ်သားများက သဲအိတ်များဖြင့် ဘန်ကာအသွင်ပြုလုပ်ကာ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောသည်။

"ကျနော့အသက်နဲ့မျှ ဘဝမှာ တစ်ခါမှမမြင်ဖူးသေးဘူး။ ကျောင်းမှာက သဲအိတ်ချတွေချပြီး လုံခြုံရေးယူစရာမလိုဘူးလို့မြင်တယ်။ ကလေးတွေ ပညာသင်တဲ့နေရာလေ။ စစ်တပ်မှမဟုတ်တာ" ဟု ပြောဆိုသည်။

ကျောင်းဝင်းအတွင်း နေရာ ၃ ခုတွင် သဲအိတ်များချကာ နေ့စဉ် စစ်သား ၁၀ ဦးထက်မနည်း တပ်စွဲနေရာယူထားသည်ကို သိရသည်။

အဆိုပါ နမ္မတီး အ.ထ.က ကျောင်းသည် ပြီးခဲ့သည့်လမှစတင်ကာ စစ်ကောင်စီ၏အမိန့်အရ စာသင်နေသောကျောင်းဖြစ်သည်။

စစ်ကောင်စီတပ်သည်လည်း ကျောင်းဖွင့်ပြီးမကြာမှီ စာသင်ကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲလာခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...