သျှမ်းမြောက်ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ (၅) ဦးထက်မနည်းရှိ

သျှမ်းမြောက်ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ (၅) ဦးထက်မနည်းရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ဇူလိုင် ၃ ရက် တရက်တည်း ကိုဗစ်–၁၉ လူနာနှင့် သံသယရှိသူလူနာ (၅) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

အဆိုပါလူနာများမှာ နမ့်ခမ်းမြို့မှ (၂) ဦး၊ တန့်ယန်းမြို့တွင် ကိုဗစ်လူနာ (၁) ဦး၊ Home Quarantine ဝင်ထားသူ (၁) ဦးနှင့် လားရှိုးမြို့မှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃) ဦးရှိပြီး ထိုထဲတွင်သေဆုံးသူ (၄) ဦးရှိသည်။

တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူတာ (၂၀) ဦးရှိပြီး ထိုထဲတွင် သေဆုံးသူ (၄) ဦးနှင့် HQ ဝင်နေသည့်သူ တစ်ဦးရှိကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၄၀) ဦးရှိကာ သေဆုံးသူ (၂၀) ဦးရှိကြောင်း သတင်းရရှိသည်။

ယနေ့ထိ သျှမ်းပြည်တွင် ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ (၂၅) ဦးခန့်ရှိနေပြီး ကူးစက်ခံရသည့် လူနာဦးရေ (၁၁၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...