သျှမ်းပြည်မြောက်ပိုင်းတွင် ဇူလိုင် ၃ ရက် တရက်တည်း ကိုဗစ်–၁၉ လူနာနှင့် သံသယရှိသူလူနာ (၅) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
အဆိုပါလူနာများမှာ နမ့်ခမ်းမြို့မှ (၂) ဦး၊ တန့်ယန်းမြို့တွင် ကိုဗစ်လူနာ (၁) ဦး၊ Home Quarantine ဝင်ထားသူ (၁) ဦးနှင့် လားရှိုးမြို့မှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃) ဦးရှိပြီး ထိုထဲတွင်သေဆုံးသူ (၄) ဦးရှိသည်။
တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူတာ (၂၀) ဦးရှိပြီး ထိုထဲတွင် သေဆုံးသူ (၄) ဦးနှင့် HQ ဝင်နေသည့်သူ တစ်ဦးရှိကြောင်း သိရသည်။
ထို့အပြင် လားရှိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၄၀) ဦးရှိကာ သေဆုံးသူ (၂၀) ဦးရှိကြောင်း သတင်းရရှိသည်။
ယနေ့ထိ သျှမ်းပြည်တွင် ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ (၂၅) ဦးခန့်ရှိနေပြီး ကူးစက်ခံရသည့် လူနာဦးရေ (၁၁၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။







