နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ

နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်တိန်းကူးတို့ဆိပ် လှေစောင့်သူတစ်ဦး ယမန့်နေ့ (ဇူလိုင် ၁) ရက် ည (၈) နာရီဝန်းကျင်တွင် သေနတ်ပစ်သတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ည (၈) နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်တိန်းကူတို့ဆိပ် လှေစောင့်သည့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် (၁၁) ချက်ပစ်ခတ်သွားကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်။ (၁၁) ချက်လောက် ပစ်သတ်ခံရတယ်။ ဆေးရုံမရောက်ခင်မှာ ဆုံးသွားတာပါ။ သူက စစ်တပ်ကနေ ထွက်လာတဲ့လူဖြစ်တယ်လို့ ကြားတယ်။ စစ်တပ်ကနေထွက်ပြီးတော့ ကူတို့လှေဆိပ်မှာ အလုပ်လာလုပ်တာ (၅) နှစ်လောက်ရှိပြီ။ နောင်တိန်းလှေဆိပ်မှာ အစောင့်လုပ်တာ” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ဆိုသည်။

အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ (၂) ဦးသည် ဆိုင်ကယ်ဖြင့်လာပြီး ပစ်ခတ်ကြောင်း၊ လက်ရှိအချိန်ထိ မည်သည့်အဖွဲ့ လာပစ်သွားသည်ကို မသိရှိရသေးကြောင်း နမ့်ခမ်းဒေသခံက ပြောသည်။

“ဆိုင်ကယ်တစ်စီးကို ၂ ယောက်စီးလာပြီးတော့ လာပစ်သွားတယ်လို့ပြောတယ်။ ဘယ်သူက လာပစ်သွားတာလဲတော့ မသိဘူး။ သေသွားတဲ့သူက အိုက်မန်လို့ သူကိုခေါ်ကြတယ်။ တစ်ချို့ကတော့ ရခိုင်ကနေလာပြီး အလုပ်လာလုပ်တာလို့လဲပြောတယ်” ဟု အထက်ပါဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့တွင် ဇွန်လ ၂၈ ရက်က နမ့်ခမ်းဒေသခံများမှ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဆန္ဒပြရာမှ ပြည်သူ ၂ ဦး ဗုံးထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ပစ်သတ်ခံရမှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသောကြောင့် နမ့်ခမ်းတွင်နေထိုင်သည့် ဒေသခံတစ်ဦးက “စိတ်လုံခြုံမှုမရှိတော့ဘူး။ စိုးရိမ်ရတယ်။ ဒီနေ့ ၁၂ နာရီပဲရှိသေးတယ်။ ဈေးတွေပိတ်ကုန်ပြီး။ ပုံမှန်ဆို (၂) (၃) နာရီလောက်မှ လူတွေကပြန်ကြတယ်လေ” ဟု ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ မကြာခဏ သေနတ်ပစ်ခတ်မှုရှိကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...