မိုင်းနောင်-ကျေးသီး ပြည်ထောင်စုလမ်းမကြီး ကားသွားလာမှု ပိတ်ထား

မိုင်းနောင်-ကျေးသီး ပြည်ထောင်စုလမ်းမကြီး ကားသွားလာမှု ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် – ကျေးသီး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန် ၃၀) ရက် မနက် ၈ နာရီတွင် မိုင်းနောင်-မိုင်းနန်း-ကျေးသီး ပြည်ထောင်စုကားလမ်းမကြီးကို တပ်မ ၉၉ မှ တပ်သားများက လာရောက်ပိတ်ဆို့ထားပြီး လာသမျှယာဉ်များကို နောက်သို့ ပြန်လှည့်ခိုင်းကြောင်း သိရသည်။

“ဒီမနက် ၈ နာရီမှာ စပိတ်တယ်လို့ သိရပါတယ်၊ လာသမျှကိုလည်း ဘာအကြောင်းမှ မေးမြန်းခြင်းမပြုဘဲ နောက်ကြောင်းကိုပဲ ပြန်လှည့်ခိုင်းတယ်၊ မိုင်းနောင်နဲ့ ကျေးသီးလမ်းကို သူတို့က လုံးဝ ဖြတ်သန်းသွားလာခွင့်မပြုဘူး” ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ယနေ့ချိန်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...