အေးသာယာ NLD ပါတီဝင် အသက် (၆၀) အမျိုးသမီးကို စစ်ကောင်စီမှ ဖမ်းဆီး

အေးသာယာ NLD ပါတီဝင် အသက် (၆၀) အမျိုးသမီးကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းတောင် အေးသာယာမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၆၀ ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရပ်ကွက် (၁၀) မှာနေထိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရပ်/ကျေးဥက္ကဌ ဒေါ်သန်းသန်းအေးကို စစ်ကောင်စီတပ်သား ၂၀ ခန့်က ကားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရပါသည်။

"စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှု ဘာမှမရှိတော့ဘူး၊ ပြီးတော့ ဒီအသက်အရွယ်နဲ့ ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို သူတို့ ဖမ်းစရာအကြောင်းမရှိဘူး၊ သူ့ကို ဘာကြောင့်ဖမ်းသွားမှန်း မသိရဘူး" ဟု အေးသာယာမြို့ NLD မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးသည် အသက် ၆၀ ဝန်းကျင်ရှိနေပြီး ကျန်းမာရေးလည်းမကောင်းသောကြောင့် အများသူငှာကဲ့သို့ ထွက်ပြေးတိမ်းရှောင်ခြင်းများမပြုနိုင်သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်သန်းသန်းအေးကို စစ်ကောင်စီတို့က ဘယ်နေရာမှာ ဖမ်းဆီးသွားကြောင်း မသိရသေးကြောင်း သိရသည်။

ဒေါ်သန်းသန်းအေး ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပက်သက်ပြီး အေးသာယာမြို့ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက "လူမှုရေးကိစ္စတွေကို NLD ပါတီဝင်အနေနဲ့ တက်တက်ကြွကြွဆောင်ရွက်တတ်တဲ့ အသက်အရွယ်ရပြီး ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းတာ စိတ်မကောင်းဖြစ်ရပါတယ်" ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့နှင် အေးသာယာမြို့ရှိ NLD ပါတီဝင်များကို စစ်ကောင်စီတို့မှ မကြာခဏ လာရောက်ရှာဖွေခြင်း ဖမ်းဆီးခြင်းတို့ရှိနေကြောင်းလည်း အေးသာယာမြို့ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...