မူဆယ်မြို့နယ် တာလုံကျေးရွာအနီး ကုန်တင်ကားတစ်စီး မီးရှို့ခံရ

မူဆယ်မြို့နယ် တာလုံကျေးရွာအနီး ကုန်တင်ကားတစ်စီး မီးရှို့ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တာလုံကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၉) ရက် မနက်ပိုင်း (၇) နာရီဝန်းကျင်၌ ကုန်တင်ယာဉ်တစ်စီး မီးရှို့ခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် ကုန်တင်ယာဉ်ကားများ (၂) ရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း ကွတ်ခိုင်-နမ့်ဖက်ကာကြားတွင် တွဲကားတစ်စီး မီးရှို့ခံရပြီး၊ ကားကြီး (၂) စီး လက်နက်ကြီးထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက် ၇ နာရီဝန်းကျင်လောက်က လောင်သွားတာပါ။ ဒီနေရာမှ အရင်ကလည်းဖြစ်ဖူးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူမရှိပါဘူး။ ကား ၃ စီးလာတာ။ ၁ စီးဘဲ မီးရှိုခံရတာ။ မန္တလေးကနေ ဘိလပ်မြေတင်လာတဲ့ကားပါ” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးကပြောသည်။

ယနေ့မနက်ပိုင်း ကုန်းကားမီးရှို့ခံရာတွင် မျက်မြင်ကားသမားများ ပြောပြချက်အရ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ လာရောက်ရှို့ကြောင်း သိရသည်။

“ကားငယ်သမားတွေ ပြောပြချက်အရတော့ TNLA က ရှို့သွားတယ်လို့ပြောတယ်။ ကားသမားတွေကို ဆင်းခိုင်းတယ်။ ဖမ်းခံရတာတော့ မရှိဘူးတဲ့။ ဘာကြောင့် ရှို့တာလဲတော့မသိရဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုသို့ ကားမီးလောင်းကိစ္စနှင့်ပတ်သတ်ပြီး တအောင်း (ပလောင်) TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားသည်။

ထိုနေရာတွင် ယခင်ကလည်း ကားငယ် ၂ စီး မီးလောင်းမှုဖြစ်ပွားခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...