ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းနေရာကောင်းများကို Non-CDM များလုယူနေ

ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းနေရာကောင်းများကို Non-CDM များလုယူနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားနေသည့် CDM ပညာရေးဝန်ထမ်းများ၏ လစ်လပ်နေရာကောင်းများကို Non-CDM များက လုယက်ယူဆောင်နေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်း အစိုးရဝန်ထမ်းများ CDM ပြုလုပ်ကြပြီး၊ ထို CDM ပြုလုပ်သူများကို စစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ထို CDM ပြုလုပ်သည့် နေရာကောင်းများကို စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော Non-CDM ပညာရေးဝန်ထမ်းတစ်ချို့က လာဘ်ပေးကာ ရာထူးနေရာလုယူနေကြောင်း ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့နယ် ကျေးရွာဖက်တွင် တာဝန်ကျနေသည့် Non-CDM ပညာရေးဝန်ထမ်းများသည် မြို့ပေါ် အထက်တန်းကျောင်း နေရာပြောင်းရွှေ့ရန် အတွက် စစ်ကောင်စီအုပ်စုကို ပေးနေသည်ဟု CDM ပညာရေးဝန်ထမ်းက ပြောသည်။

“သူတို့က ပိုက်ဆံများများပေးနိုင်ရင် ရာထူးကောင်းကောင်းပိုရမယ်။ မြန်မြန်လာပေးနိုင်ရင် မြန်မြန်ရမယ်ပြောတယ်။ ပိုက်ဆံပိုပေးနိုင်တဲ့သူက ပိုရမယ်။ လာပေးတဲ့ဆရာမတွေလဲရှိတယ်။ မနေ့ကဆို လာကြတယ်။ ရွာဖက်ကနေ ဆရာမတွေ တော်တော်များများတက်လာကြတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ဟိုပုံးမြို့ CDM ပြုလုပ်သည့် အထက်တန်းကျောင်းဆရာမတစ်ဦးက “ကျမတို့ CDM လုပ်ကတည်းကိုက အကုန်လုံးကို စွန်လွတ်ထားလိုက်ပြီး။ ဘာကိုမှ မနှမြောဘူး။ ရာထူးတွေလည်းမမက်ဘူး။ အာဏာသိမ်းပြီးကတည်းက ကျမတို့ CDM လုပ်ဖို့ဘဲသိတယ်။ ကျမတို့ အဆုံးထိတိုက်ပွဲဝင်သွားမှာပါ” ဟုဟိုပုံးမြို့ CDM ဆရာမတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး CDM ပညာရေးဝန်ထမ်း စုစုပေါင်း ၂၀၄ ဦးရှိကြောင်း သိရသည်။

ဟိုပုံးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တည်ရှိရာနေရာဖြစ်ပြီး၊ ဟိုပုံးမြို့လူငယ်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် လမ်းပေါ်ဆန္ဒပြရန် ခက်ခဲသည့် ဒေသတခုဖြစ်သည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...