နမ့်လန်မြို့ရှိ ပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား

နမ့်လန်မြို့ရှိ ပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား

သျှမ်ပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ မန်လီကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူ (၄) ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ SSPP/SSA မှ ဖမ်းဆီးသွားသည့် ပြည်သူများမှာ နမ့်လန်မြို့မှ မန်လီကျေးရွာ ပြည်သူ (၃) ဦးနှင့် ခဲမွန်ကျေးရွာ ပြည်သူ (၁)ဦးတို့ကို ဇွန်  (၈) ရက်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့မသိဘူး။ ခဲမွန်က (၁) ယောက်နဲ့ မန်လီကျေးရွာက (၃) ယောက်ခေါ်သွားတယ်” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်ထိ သျှမ်းတပ် ၂ တပ်တွင် ဆွေနွေးရန်အဆင်မပြေသေးကြောင်း၊ ပြည်သူများလည် ဟိုဖက်ဒီဖက်ဖြစ်နေသောကြောင့် တစ်ချို့ပြည်သူများကို ဖမ်းဆီးထိန်သိမ်းသွားမည်ဟု SSPP/SSA အရာရှိ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

“ကျနော်တို့ တပ် ၂ တပ်က ဆွေးနွေးဖို့က မဖြစ်နိုင်သေးဘူး။ ပြီးတော့ ကျနော်တို့ပြည်သူတွေက တစ်ဖက်စောင်းတာတွေဖြစ်နေတယ်။ ခုတလော နိုင်ငံရေးမငြိမ်သေးတဲ့အချိန်မှာတော့ ကျနော်တို့ဆက်ပြီး ထိန်းသိမ်းသွားမယ်” ဟု SSPP/SSA အရာရှိဗိုလ်ကြီးတစ်ဦးက ပြောသည်။

SSPP/SSA အနေဖြင့် ဖမ်းဆီးထားသူများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံရေးအခြေနေတည်ငြိမ်သွားမှ ပြန်လှည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အခုက ယာယီထိန်းသိမ်းသွားမယ်။ နိုင်ငံရေးခြေနေကောင်းရင် ပြီးတော့ သူတို့က ကောင်းကောင်းနေထိုင်သွားမယ်ဆိုရင် ကျနော်တို့လည် ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးမယ်။ ခုလို စစ်ဖြစ်နေတဲ့ချိန်မှ ထွက်ပြေးသွားရင် အရေးယူသွားဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

အလားတူ ဇွန် (၇) ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ ပြည်သူတစ်ဦးကိုလည်း SSPP/SSA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် သျှမ်းတပ် ၂ တပ်သည် ကျေးသီးမြို့နယ်တွင် စစ်ဖြစ်ပွားနေလျက်ရှိနေသေးကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...