မြန်မာအခြေအနေ ပို၍ဆိုး၀ါးလာနေဟု ဘိုင်ဒင်၏ အာရှရေးရာ အကြီးတန်းအရာရှိကြီးပြော

မြန်မာအခြေအနေ ပို၍ဆိုး၀ါးလာနေဟု ဘိုင်ဒင်၏ အာရှရေးရာ အကြီးတန်းအရာရှိကြီးပြော

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံထဲရှိ အခြေအနေများသည် အလွန်တရာ စိုးရိမ်ပူပန်စရာကောင်းနေပြီး အခြေအနေသည် ဆက်လက်ပြီး ပိုမိုဆိုး၀ါးလာနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ မူ၀ါဒညှိနှိုင်းရေးမှူး ကာ့တ်ကမ့်ဘဲလ်က ဇွန်လ ၈ ရက်တွင် ပြောသွားခဲ့သည်။

အမေရိကန်အနေဖြင့် မြန်မာတွင် ဖြစ်လာနိုင်ခြေ အနာဂတ်အခြေအနေ ပေါင်းစုံကို မှန်းဆကြည့်ရှုနေသည်ဟု ၎င်းကပြောသည်။

“အကြမ်းဖက်မှုတွေက အတောမသတ်အောင် ထိုးတက်နေတယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး” ဟု ကမ့်ဘဲလ်က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Center for a New American Security ကစီစဉ်သော အွန်လိုင်းအခမ်းအနားတစ်ခု၌ ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန့်ကျင်တော်လှန်မှုတွေရဲ့ စိန်ခေါ်မှုတွေကိုသာမက ဒီမိုကရေစီ ရပ်တည်ချက်အမြင်အပေါ် ပိုမိုစနစ်ကျတဲ့ စိတ်ပိုင်းဖြတ်ဆုံးဖြတ်လုပ်ဆောင်တဲ့ ဆန့်ကျင်အတိုက်အခံပြုမှုတွေကို တွေ့နေရပါတယ်” ဟု ၎င်းကပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ကယားပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ မဆင်မခြင် ပစ်ခတ်တိုက်ခိုက်မှုများအပါအ၀င် တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်းခန့် အိုးအိမ်စွန့်ခွာပြေးနေကြရကြောင်း ကုလသမဂ္ဂကလည်း ထုတ်ပြန်ခဲ့သည်။

၀ါရှင်တန်အနေဖြင့်ကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားနိုင်ရေး လုပ်ငန်းစဥ်တစ်ခုကို စတင်နိုင်ရန် ကြိုးပမ်းနေသည့် အာဆီယံနှင့် အခြားသူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပံ့ပိုးထားကြောင်း ကမ့်ဘဲလ်က ပြောခဲ့သည်။

ထို့ပြင် ၀ါရှင်တန်သည် မြန်မာအာဏာသိမ်းခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသလို စစ်ဗိုလ်ချုပ်ကြီးများကို သံတမန်ရေးအရ သီးခြားဖယ်ကြဉ်ထားရန် နိုင်ငံများကိုလည်း တိုက်တွန်းထားခဲ့ကြောင်း ကမ့်ဘဲလ်က ပြောသွားခဲ့သည်။

မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...