နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ်

နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့မဈေးတွင် ယနေ့ (ဇွန် ၈) ရက် မနက် ၁ နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပွားကာ ဆိုင်ခန်း (၆) ခန်း ရစရာမရှိအောင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း (၁၆) ခန်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် မနက်အစော လူခြေသိပ်ချိန်ဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်သည်ကို မသိရှိရကြောင်း၊ မီးလောင်ကျွမ်းမှု တနာရီအတွင်း ဆိုင်ခန်း (၆) ခန်း ပစ္စည်းရစရာမရှိအောင် မီးလောင်ကျွမ်းခဲ့ပြီး၊ (၁၆) ခန်းပျက်စီးခဲ့ကြောင်း နောင်ချိုဈေးမီးလောင်မှုတွင် ပါဝင်မီးငြိမ်းသတ်ပေးခဲ့သည့်သူတစ်ဦးက သျှမ်းတော်ဆင့်ကို ပြောသည်။

“ဆိုင်ခန်း (၆) ခန်းက မုန့်တွေ၊ ကလေးကစားစရာတွေနဲ့ အထည်ဆိုင်တွေက ဘာမှမရဘူး။ အားလုံးပါသွားတယ်။ ကျန် (၁၆) ခန်းကတော့ ပျက်စီးမှုရှိတယ်။ ဘာကြောင့်လောင်လဲတော့မသိဘူး။ ဘာမှ ညမထွက်ရအမိန့်ရှိတဲ့အချိန် မီးလောင်တော့ စိုးရိမ်မှုကရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုမီးလောင်သည့်အချိန်သည် ညမထွက်ရအမိန့် မာရှယ်လောလုပ်ထားသည့်အချိန်ဖြစ်သဖြင့် ဈေးအနီးပတ်ဝန်းကျင် ပြည်သူများက အပြင်မထွက်ကြည့်ရဲကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း (၂၀၀) ခန့်ဆုံးရှုံးကြောင်း သိရသည်။

“အခုတော့ မီးလောင်တဲ့ဆိုင်ခန်းတွေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတယ်။ မီးလောင်တာ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့် ဈေးကိုတော့ ပုံမှန်အတိုင်း ဆက်ဖွင့်နေတယ်” ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး (၄) လကျော်အတွင်း ဈေးများ၊ ပညာရေးကျောင်းများ မကြာခဏ မီးရှို့ခံရကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...